Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 37:15 - Common Language Bible

15 ထို​သူ​တို့​သည်​ငါ့​အား​ပြင်း​စွာ​အ​မျက်​ထွက် သ​ဖြင့်​ရိုက်​နှက်​ပြီး​လျှင် ဘု​ရင်​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​ယော​န​သန်​၏​အိမ်​တွင်​အ​ကျဉ်း​ချ ထား​ကြ​၏။ (ထို​အိမ်​ကို​ထောင်​အ​ဖြစ်​သို့ ပြောင်း​လဲ​၍​ထား​သ​တည်း။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 မှူး မတ် တို့ သည် ယေ ရ မိ အား အ မျက် ထွက် လျက်၊ ကြိမ် ဒဏ် ပေး ပြီး လျှင်၊ ထောင် အ ဖြစ် ထား သော သံ တော် ဆင့် ယော န သန် ၏ တိုက် အိမ် တွင်၊ အ ကျဉ်း ချုပ် ကြ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 မင်း​များ​တို့​သည် အ​မျက်​ထွက်၍ ယေ​ရ​မိ​ကို ရိုက်​ပြီး​မှ၊ စာ​ရေး​တော်​ယော​န​သန်၏​အိမ်၌ လှောင်​ထား​ကြ၏။ ထို​အိမ်​ကို လှောင်​အိမ်​လုပ်​နှင့် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မှူးမတ်​တို့​သည်​လည်း ယေရမိ​ကို​အမျက်ထွက်​၍ ရိုက်နှက်​ပြီးလျှင် အကျဉ်းထောင်​အဖြစ်​ပြုလုပ်​ထား​သော စာရေးတော်ကြီး​ယောနသန်​၏​အိမ်​၌ အကျဉ်းချ​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 37:15
27 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​ကို​ဖမ်း​ဆီး​လျက်​ဘု​ရင်​၏​အ​မျက်​သင့် သူ​များ​ထား​ရာ​ထောင်​ထဲ​တွင်​အ​ကျဉ်း​ချ​ထား လေ​၏။ ယော​သပ်​သည်​ထောင်​ထဲ​မှာ​နေ​ရ​သော်​လည်း၊-


ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။


သူ့​အား​အ​ကျဉ်း​ချ​ကာ​ငါ​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန်​တိုင်​အောင် မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား​ရန်​သူ​တို့ အား​ပြော​ကြား​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး အား​သတ်​ဖြတ်​ရန် ရန်​သူ​တို့​ပြု​သည့်​လျှို့​ဝှက် သော​အ​ကြံ​အ​စည်​များ​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။ သူ​တို့​၏​ဆိုး​ညစ်​မှု​ကို ခွင့်​လွှတ်​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​မိ​မိ တို့​၏​အ​ပြစ်​များ​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​အ​ရေး​ရှုံး နိမ့်​စေ​တော်​မူ​ပါ။ အ​မျက်​တော်​ထွက်​ချိန်​၌ သူ​တို့​အား​ဆုံး​မ​စီ​ရင်​တော်​မူ​ပါ'' ဟု လျှောက်​၏။


ထို​အ​ခါ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​တို့​အား``ဤ သူ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​အား​ဟော ပြော​သ​ဖြင့်​သူ့​အား​သေ​ဒဏ်​မ​ပေး​သင့်'' ဟု​ပြော​ဆို​ကြ​၏။


ထို​အ​ခါ​၌​ဗာဗု​လုန်​မင်း​၏​တပ်​မ​တော်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လျက်​ရှိ​၏။ ငါ သည်​လည်း​ဘု​ရင့်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ချုပ်​ခံ​လျက်​နေ​ရ​၏။-


အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​၏​စ​ကား​ကို​နား ထောင်​တော်​မူ​၍ အ​ကျွန်ုပ်​လျှောက်​ထား​သည့် အ​တိုင်း​ပြု​တော်​မူ​ရန်​အ​ကျွန်ုပ်​ပန်​ကြား ပါ​၏။ အ​ကျွန်ုပ်​အား​အ​ရှင်​၏​အ​တိုင်​ပင်​ခံ အ​မတ်​ယော​န​သန်​၏​အိမ်​သို့​ပြန်​လွှတ် တော်​မ​မူ​ပါ​နှင့်။ လွှတ်​တော်​မူ​မည်​ဆို​ပါ မူ​အ​ကျွန်ုပ်​သည်​ထို​အိမ်​တွင်​အ​မှန်​ပင် သေ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။


ထို​အ​ခါ​ငါ​သည်​ထောင်​ထဲ​သို့​မ​ရောက်​သေး ပေ။ ငါ​သည်​လူ​တို့​နှင့်​လွတ်​လပ်​စွာ​သွား​လာ ပေါင်း​သင်း​လျက်​နေ​နိုင်​သေး​၏။-


သို့​သော်​လည်း​သင်​သည်​မိ​မိ​အ​သက်​မ​သေ ရ​လေ​အောင်​ယော​န​သန်​၏​အိမ်​သို့​ပြန်​၍​ပို့ တော်​မ​မူ​ပါ​နှင့်​ဟူ​၍​သာ​လျှင်​ငါ့​အား​ပန် ကြား​လျှောက်​ထား​ခဲ့​ကြောင်း​သူ​တို့​ကို​ပြော ကြား​ပါ​လော့'' ဟု​ဆို​၏။-


ထို့​ကြောင့်​မှူး​မတ်​တို့​သည်​ငါ့​ကို​ယူ​ဆောင်​ကာ နန်း​တော်​ဝင်း​အ​တွင်း​၌​ရှိ​သော​မင်း​သား မာ​လ​ခိ​၏​ရေ​တွင်း​ထဲ​သို့​ကြိုး​များ​ဖြင့် လျှော​ချ​လိုက်​ကြ​၏။ ရေ​တွင်း​ထဲ​၌​ရေ​မ​ရှိ။ ရွှံ့​နွံ​များ​သာ​လျှင်​ရှိ​သ​ဖြင့်​ငါ​သည်​ရွှံ့​နွံ တွင်​ကျွံ​နစ်​လျက်​နေ​လေ​၏။-


ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ အ​ကျဉ်း​ခံ နေ​ရ​စဉ်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-


ခြံ​သ​မား​တို့​သည်​လုပ်​သား​များ​ကို​ဖမ်း​၍​ရိုက် သူ​ကို​ရိုက်၊ သတ်​သူ​ကို​သတ်၊ ခဲ​နှင့်​ပေါက်​သူ​ကို ပေါက်​ကြ​၏။-


သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့​ထံ​သို့ ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ၊ ကျမ်း​တတ်​ဆ​ရာ များ​ကို​ငါ​စေ​လွှတ်​မည်။ သင်​တို့​သည်​ထို​သူ အ​ချို့​တို့​ကို​သတ်​ဖြတ်​ကြ​၍​အ​ချို့​ကို​လက် ဝါး​ကပ်​တိုင်​တွင်​တင်​ကြ​လိမ့်​မည်။ အ​ချို့​ကို​မူ တ​ရား​ဇ​ရပ်​များ​တွင်​ကြိမ်​ဒဏ်​ပေး​၍​အ​ချို့ ကို​မူ​တစ်​မြို့​ပြီး​တစ်​မြို့​လိုက်​လံ​ဖမ်း​ဆီး​ကြ လိမ့်​မည်။-


မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ``အ​ရှင့်​အား​မည် သူ​ရိုက်​ပုတ်​သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို ကြ​၏။-


ဤ​သို့​မိန့်​တော်​မူ​လျှင်​အ​စောင့်​တပ်​သား​တစ် ယောက်​သည် ``ယဇ်​ပု​ရော​ဟိတ်​မင်း​အား​သင်​သည် ဤ​သို့​မ​ဖွယ်​မ​ရာ​ပြော​ဆို​သင့်​သ​လော'' ဟု ဆို​၍​ကိုယ်​တော်​၏​ပါး​ကို​ရိုက်​လေ​၏။


သူ​တို့​သည်​တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ပြီး လျှင် ထောင်​တွင်​အ​ကျဉ်း​ချ​ထား​ကြ​၏။-


သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။


တ​မန်​တော်​တို့​ကို​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ တို့​အား​ကြိမ်​ဒဏ်​ခတ်​ကာ``ယေ​ရှု​၏​နာ​မ​ကို အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​ကို​နောက် တစ်​ဖန်​မ​ပြု​ရ'' ဟု​အ​မိန့်​ပေး​ပြီး​နောက် လွှတ်​လိုက်​ကြ​၏။-


သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ