အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
ကမ္ဘာဦး 32:7 - Common Language Bible ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။- Garrad Bible ယာ ကုပ် သည် အ လွန် ကြောက် ရွံ့ သ ဖြင့် စိတ် ကျဉ်း ကျပ်၍ ပါ ရှိ သော လူ၊ သိုး၊ ဆိတ်၊ နွား၊ ကု လား အုပ် များ ကို နှစ် စု ခွဲ ထား လျက်၊ Judson Bible ထိုအခါယာကုပ်သည်၊ အလွန်ကြောက်၍ စိတ်ပူပန်လျှင်၊ မိမိတွင်ပါသော လူစု၊ သိုးဆိတ်စု၊ နွားစု၊ ကုလားအုတ်များတို့ကို နှစ်စုခွဲ၍ထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယာကုပ်သည် အလွန်ကြောက်၍ စိတ်ပူပန်သဖြင့် မိမိနှင့်အတူရှိသောလူတို့ကိုလည်းကောင်း၊ သိုးဆိတ်၊ နွားနှင့် ကုလားအုတ်တို့ကိုလည်းကောင်း အုပ်စုနှစ်စုခွဲထား၏။ |
အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
အဘယ်ကြောင့်ဆိုသော်သူက``ဧသောရောက် လာ၍ပထမအစုကိုတိုက်ခိုက်သည်ရှိသော် ကျန်တစ်စုကားလွတ်မြောက်နိုင်လိမ့်မည်'' ဟု တွေးတောမိသောကြောင့်တည်း။
ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-
ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။-
သူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
ငါ၏အနီးသို့ကြည့်လိုက်သောအခါကူမ မည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ ကာကွယ်စောင့်ရှောက်မည့်သူတစ်ယောက်မျှမရှိ။ အဘယ်သူမျှငါ့ကိုဂရုမစိုက်။
ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။
အီဂျစ်ဘုရင်၏စစ်တပ်ချီတက်လာသည်ကို ဣသရေလအမျိုးသားတို့မြင်ရသောအခါ အလွန်ကြောက်ရွံ့၍ထာဝရဘုရားအား ကယ်မတော်မူရန်အော်ဟစ်တောင်းပန်ကြ၏။-
ဘုရားသခင်သည်သူ့အားအသိဉာဏ်ပေး ထားတော်မူသဖြင့် သူသည်မိမိအဘယ် သို့လုပ်ဆောင်ရမည်ကိုသိ၏။-
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ကိုယ်တော်က ``ယုံကြည်မှုနည်းသူတို့၊ သင်တို့ အဘယ်ကြောင့်ကြောက်လန့်သနည်း'' ဟုမိန့်တော် မူပြီးနောက် အိပ်စက်ရာမှထတော်မူ၍လေနှင့် လှိုင်းများကိုဆုံးမတော်မူ၏။ လေနှင့်လှိုင်းတို့ သည်ငြိမ်သက်သွားကြ၏။
သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။
``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
ငါတို့သည်ဆင်းရဲဒုက္ခအမျိုးမျိုးခံရကြ သောအခါ ကိုယ်တော်သည်ငါတို့အားနှစ်သိမ့် မှုကိုပေးတော်မူ၏။ သို့ဖြစ်၍ငါတို့သည်လည်း ဘုရားသခင်ထံတော်မှယင်းသို့ရရှိသည့် နှစ်သိမ့်မှုဖြင့်ပင်လျှင် ဒုက္ခဆင်းရဲအမျိုးမျိုး ခံရကြသူတို့အားနှစ်သိမ့်စေနိုင်ကြပေ သည်။-
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက် ဘုရားဝတ်၌မွေ့လျော်လိုသူတိုင်းနှိပ်စက် ညှဉ်းဆဲခြင်းကိုခံရလိမ့်မည်။-