မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ကမ္ဘာဦး 32:24 - Common Language Bible ယာကုပ်ကမူတစ်ယောက်တည်းနေရစ်ခဲ့လေ သည်။ ထိုအခါလူတစ်ယောက်သည်မိုးလင်းအံ့ဆဲ ဆဲတိုင်အောင်သူနှင့်နပန်းလုံးလေ၏။- Garrad Bible ယာ ကုပ် တစ် ကိုယ် တည်း ကျန် ခဲ့ သည် နှင့် လူ တစ် ဦး သည် အ ရုဏ် တက် သည့် တိုင် အောင် သူ နှင့် န ပန်း လုံး၍၊ Judson Bible ယာကုပ်သည်တစ်ယောက်တည်းနေရစ်၍၊ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် တစ်ယောက်တည်းကျန်ခဲ့၏။ ထိုအခါ လူတစ်ယောက်သည် အရုဏ်တက်ချိန်အထိ ယာကုပ်နှင့်နပန်းလုံးလေ၏။ |
မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ထိုအခါရာခေလက``ငါသည်ငါ၏အစ်မ နှင့်အပြင်းအထန်ဆိုင်ပြိုင်ခဲ့ရာအနိုင်ရလေ ပြီ'' ဟုဆိုလျက်ထိုသားကိုနဿလိဟူ၍ နာမည်မှည့်လေ၏။
သားမယားတို့နှင့်အတူပိုင်သမျှဥစ္စာပစ္စည်း တို့ကိုတစ်ဖက်ကမ်းသို့ပို့လေ၏။-
ထိုသူသည်မနိုင်မှန်းသိသောအခါယာကုပ် ၏တင်ပါးကိုထိုးသဖြင့်အဆစ်ပြုတ်လေ၏။-
ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
ယာကုပ်က``ငါသည်ဘုရားသခင်ကိုမျက်နှာ ချင်းဆိုင်ဖူးတွေ့ရသော်လည်း အသက်ချမ်း သာရလျက်ရှိသေး၏'' ဟုဆို၍ထိုအရပ် ကိုပေနွေလဟုသမုတ်လေ၏။-
သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။-
သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
ငါတစ်ဦးတည်းသာလျှင်ထိုအံ့သြဖွယ် ကောင်းသည့်ဗျာဒိတ်ရူပါရုံကိုကြည့် လျက်ကျန်ရစ်၏။ ငါသည်အားပြတ်၍ အဘယ်သူမျှမမှတ်မိနိုင်လောက်အောင် ငါ၏မျက်နှာသည်အသွင်ပြောင်းသွား၏။ အကူအညီမဲ့လျက်ရှိ၏။-
ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
ကိုယ်တော်သည်ပြင်းပြစွာဝေဒနာကိုခံ လျက်ပို၍စိတ်အားကြီးစွာဆုတောင်းတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်၏ချွေးပေါက်တို့ သည်သွေးစက်များသဖွယ်မြေပေါ်သို့ကျ၏။
ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်နှင့် ဝိညာဉ်တော်ကငါတို့အားပေးသနားတော်မူ သောမေတ္တာကိုအကြောင်းပြု၍ ငါ့အတွက်ငါ နှင့်အတူဘုရားသခင်ထံတော်သို့စိတ်အား ထက်သန်စွာဆုတောင်းပတ္ထနာပြုရန်သင်တို့ အားငါတိုက်တွန်းနှိုးဆော်ပါ၏။-
ပထမလူအာဒံသည်မြေမှုန့်မှဖန်ဆင်းထားသူ ဖြစ်၏။ ဒုတိယလူမူကားကောင်းကင်ဘုံမှလာ သူတည်း။-
ငါတို့သည်လူသတ္တဝါတို့နှင့်ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်လောကမှဆိုး ယုတ်သောဝိညာဉ်တန်ခိုးရှင်နှင့်လည်းကောင်း၊ ဤအမှောင်လောကကိုအစိုးရသူများ၊ တန်ခိုး ရှင်များ၊ အာဏာပိုင်များနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။-
သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။-
ငါသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့သူမြို့သားများနှင့်ငါ့အားမမြင်ဘူးသေး သောအခြားသူတို့အတွက်လည်းကောင်း အဘယ် မျှကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကိုသင်တို့အား သိစေလို၏။-
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
ယောရှုသည်ယေရိခေါမြို့အနီးသို့ရောက်ရှိ လာစဉ် မိမိရှေ့တွင်ဋ္ဌားလွတ်ကိုင်သူတစ်ဦး ရပ်နေသည်ကိုရုတ်တရက်မြင်ရသည်။ ယောရှု သည်ထိုသူထံသို့ချဉ်းကပ်၍``သင်သည်ငါတို့ ဘက်တော်သားလော၊ ရန်သူလော'' ဟုမေး၏။