အကျွန်ုပ်၏အစ်ကိုဧသော၏လက်မှအကျွန်ုပ် အားကယ်တင်ရန်တောင်းလျှောက်ပါ၏။ သူ သည်မိန်းမနှင့်ကလေးများအပါအဝင် အကျွန်ုပ်တို့အားလုံးအားတိုက်ခိုက်ဖျက် ဆီးမည်ကိုအကျွန်ုပ်စိုးရိမ်ကြောက်ရွံ့ပါ၏။-
ယ ခု မူ ကား နှစ် စု ဖြစ် ထွန်း ပါ ပြီ။ အ ကျွန်ုပ် ကို အစ် ကို ဧ သော လက် မှ ကယ် လွှတ် တော် မူ ပါ။ သို့ မ ဟုတ် အ ကျွန်ုပ် နှင့် အ ပေါင်း အ ပါ ရှိ သ မျှ တို့ ကို သူ လာ၍ လုပ် ကြံ မည် ဟု စိုး ရိမ် ပါ သည်။
သို့ဖြစ်၍၊ အကျွန်ုပ်ကိုအစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ သားမယားတို့ကိုလည်းကောင်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။
အကျွန်ုပ်အစ်ကိုဧသော၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အကြောင်းမူကား သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ ကလေးနှင့်မိခင်တို့ကိုလည်းကောင်း တိုက်ခိုက်မည်ကိုအကျွန်ုပ်ကြောက်ပါ၏။
``အကျွန်ုပ်၏သခင်အာဗြဟံအားကရုဏာ ပြတော်မူလျက် သစ္စာကတိတော်အတိုင်းပြု တော်မူသောထာဝရဘုရား၏ကျေးဇူး တော်သည်ကြီးလှပါ၏။ ထာဝရဘုရား သည်အကျွန်ုပ်အားသခင်၏ဆွေမျိုးများ ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူ လေပြီ'' ဟုမြွက်ဆိုလေ၏။
ယာကုပ်သည်ဖခင်ထံမှကောင်းချီးမင်္ဂလာကို ခံရသဖြင့် ဧသောသည်သူ့အားရန်ငြိုးထား ၏။ ဧသောက``ဖခင်အနိစ္စရောက်လျှင်ရောက် ခြင်းယာကုပ်ကိုငါသတ်ပစ်မည်'' ဟုကြုံး ဝါးလေ၏။
ရေဗက္ကသည်ဧသော၏အကြံကိုကြားသိရ သဖြင့် ယာကုပ်ကိုခေါ်၍``သင့်အစ်ကိုဧသော သည်သင့်အားလက်စားချေသတ်ပစ်ရန်အကြံ ထုတ်လျက်ရှိသည်။-
ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
ထိုအခါဧသောသည်ပြေး၍ယာကုပ်ကိုဖက် ယမ်းနမ်းရှုပ်လေသည်။ သူတို့နှစ်ဦးငိုကြွေးကြ ၏။-
ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။-
ကွန်တော်မျိုးသည်ဥပဒေသတော်တို့ကို စောင့်ထိန်းနိုင်ရန် ကွန်တော်မျိုးအားဖိစီးနှိပ်စက်သူတို့၏ လက်မှ ကယ်တော်မူပါ။
ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးသည်အလွန်စိတ်ပျက် အားလျော့လျက်ရှိပါ၏။ ကျွန်တော်မျိုးထက်များစွာခွန်အားကြီးမား သော ရန်သူများ၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက် တော်မူပါ။
ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။
ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
အို ဘုရားသခင်၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။ လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင် သည် အကျွန်ုပ်တို့အားပြင်းစွာအလျှံထ လျက်ရှိသောမီးဖိုကြီးထဲမှလည်းကောင်း၊ အရှင်၏လက်မှလည်းကောင်းကယ်နိုင် လျှင်လည်းကယ်တော်မူမည်။-
စစ်ပွဲတွင်သင်တို့အားရန်သူများတိုက်ခိုက် ၍သင်တို့၏ခံတပ်များပြိုပျက်ကုန်ကြလိမ့် မည်။ ရှာလမန်ဘုရင်စစ်ချီ၍ဗေသာဗေလ မြို့ကိုတိုက်ခိုက်ဖျက်ဆီးသောအခါ မိခင် နှင့်ကလေးများသတ်ဖြတ်သုတ်သင်ခြင်း ခံရကြ၏။-
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
``သင်သည်ငှက်သိုက်တစ်ခုကိုသစ်ပင်ပေါ် ၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ၊ တွေ့၍ ငှက်မသည်ဥများသို့မဟုတ်ငှက်ကလေး များပေါ်တွင်ဝပ်နေလျှင် ငှက်မကိုမဖမ်း ယူရ။-
ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။