ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ကမ္ဘာဦး 31:7 - Common Language Bible သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။- Garrad Bible သင် တို့ အ ဘ သည် ငါ ကို လှည့် စား ၍ အ ခ ကို ဆယ် ကြိမ် ပြောင်း လဲ သော် လည်း ငါ့ ကို ထိ ခိုက် ရန် ဘု ရား သ ခင် ခွင့် ပြု တော် မ မူ။ Judson Bible သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့၏ဖခင်သည် ငါ့ကိုလှည့်စား၍ ငါ၏လုပ်အားခကို ဆယ်ကြိမ်တိုင်တိုင်ပြောင်းလဲခဲ့ပြီ။ သို့ရာတွင် ငါ့ကိုထိခိုက်နစ်နာစေရန် ဘုရားသခင်သည် သူ့ကိုခွင့်ပေးတော်မမူ။ |
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-
မိုးလင်းချိန်ရောက်မှယာကုပ်သည်မိမိ၏မယားမှာ လေအာဖြစ်ကြောင်းသိရလေသည်။ သူသည်လာဗန် ထံသို့သွား၍``အဘယ်ကြောင့်ထိုသို့ပြုလုပ်ရပါ သနည်း။ ကျွန်ုပ်သည်ရာခေလကိုရရန်အတွက် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်ုပ်ကိုအဘယ်ကြောင့် လှည့်စားပါသနည်း'' ဟုမေးလေ၏။
ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။-
ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။-
သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။-
ရန်သူများအကြားတွင်နေထိုင်သူယုဒ အမျိုးသားတို့သည်ငါတို့ထံလာရောက် ပြီးလျှင် ငါတို့အားရန်သူတို့တိုက်ခိုက်ရန် အဘယ်သို့ကြံစည်လျက်ရှိကြောင်းကို အကြိမ်ပေါင်းများစွာသတိပေးကြ၏။-
ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
ဆယ်ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ ဝေစေခြင်းငှါ အရှက်မရှိဘဲပြုကြပြီ။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
ထိုအချိန်ကျရောက်လာသောအခါ အမျိုးသားတစ်ယောက်လျှင် အမျိုးသမီး ခုနစ်ယောက်ဝိုင်း၍``ကျွန်မတို့သည်မိမိ တို့စားရေးဝတ်ရေးအတွက် တာဝန်ယူ နိုင်ပါသည်။ အိမ်ထောင်မဲ့ဖြစ်၍ကျွန်မတို့ အရှက်မရကြစေရန် ရှင့်အားကျွန်မတို့ ၏ခင်ပွန်းအဖြစ်ဖြင့်ဖော်ပြပါရစေ'' ဟုပြောဆိုကြလိမ့်မည်။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
မင်းကြီးသည်အဘယ်မေးခွန်းကိုပင်မေးသည်မဆို၊ အဘယ်ပြဿနာကိုပင်တင်ပြသည်မဆိုထိုသူလေးဦးတို့သည်နိုင်ငံတစ်ဝန်းလုံးရှိဗေဒင်ဆရာ၊ မှော်ဆရာများထက်ဆယ်ဆမျှပို၍တတ်သိနားလည်ကြသည်ကိုတွေ့ရှိတော်မူ၏။-
ငါသည်စားနပ်ရိက္ခာကိုရှားပါးစေသဖြင့် အိမ် ရှင်မဆယ်ယောက်ဖုတ်ရမည့်မုန့်အရေအတွက် မှာ အိမ်ရှင်မတစ်ဦး၏ဖိုတွင်ဖုတ်နိုင်မည့်မုန့် အရေအတွက်မျှသာရှိမည်။ သင်တို့သည်ထို မုန့်ကိုခွဲတမ်းချ၍မလောက်မငဝေမျှစား ရလိမ့်မည်။
ထိုနေ့ရက်ကာလ၌ယုဒအမျိုးသား တစ်ဦးအားလူမျိုးခြားတစ်ကျိပ်က``ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူကြောင်း ငါတို့ကြားသိရကြပေပြီ။ သို့ဖြစ်၍ ငါတို့သည်သင်တို့နှင့်ဆိုးတူကောင်းဖက် ဖြစ်လိုကြပါသည်' ဟုဆိုလိမ့်မည်'' ဟု မိန့်တော်မူ၏။
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-