Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:6 - Common Language Bible

6 ငါ​သည်​သင်​တို့​၏​ဖခင်​အ​တွက်​အ​စွမ်း​ကုန် အ​လုပ်​လုပ်​ခဲ့​ကြောင်း​သင်​တို့​နှစ်​ဦး​စ​လုံး သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သင် တို့ အ ဘ ထံ အ စွမ်း ရှိ သ မျှ နှင့် ငါ အ စေ ခံ ခဲ့ သည် ကို သင် တို့ သိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သင်​တို့​အ​ဘ၏​အ​မှု​ကို၊ ငါ​တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ငါ​စောင့်​သည်​ကို သင်​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ငါ​သည် သင်​တို့​၏​ဖခင်​ကို အစွမ်း​ရှိသမျှ​ဖြင့်​အစေခံ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:6
8 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က``ကျွန်ုပ်​သည်​ဦး​ရီး​အ​တွက်​မည်​ကဲ့ သို့​လုပ်​ကိုင်​ပေး​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ကျွန်ုပ် ၏​ထိန်း​ကျောင်း​မှု​ကြောင့်​ဦး​ရီး​၏​တိ​ရစ္ဆာန်​များ မည်​မျှ​တိုး​ပွား​လာ​ကြောင်း​ကို​လည်း​ကောင်း ဦး​ရီး​သိ​မြင်​ရ​ပါ​ပြီ။-


အ​စေ​ခံ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ​၏ အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ရ​ကြ​မည်။ စိတ်​ကောင်း​ရှိ​၍ ညှာ​တာ​ထောက်​ထား​တတ်​သော​သ​ခင်​များ​ကို သာ​မ​ဟုတ်၊ ကြမ်း​ယုတ်​သော​သ​ခင်​တို့​ကို လည်း​အ​လွန်​ကြောက်​ရွံ့​ရို​သေ​ကြ​လော့။-


သို့​သော်​လည်း​သူ​သည်​ငါ့​ကို​လှည့်​စား​၍​ငါ ရ​ထိုက်​သော​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း​လဲ ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​ငါ့​ကို​နစ်​နာ​ဆုံး​ရှုံး​စေ ရန်​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​ခွင့်​ပေး​တော် မ​မူ။-


ကျွန်ုပ်​သည်​ဦး​ရီး​ထံ​၌​အ​လုပ်​လုပ်​၍​ရ​သော မ​ယား​များ​နှင့်​တ​ကွ သား​သ​မီး​တို့​ကို​ခေါ် ဆောင်​လျက်​ထွက်​ခွာ​သွား​ပါ​ရ​စေ။ ကျွန်ုပ်​သည် ဦး​ရီး​အ​တွက်​မည်​မျှ​ကြိုး​စား​လုပ်​ကိုင်​ပေး ခဲ့​ကြောင်း​ဦး​ရီး​သိ​ပါ​၏'' ဟု​ပြော​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ