ယာကုပ်သည်လေအာကိုမချစ်ကြောင်း ထာဝရဘုရားသိမြင်တော်မူသဖြင့် လေအာကိုသားသမီးထွန်းကားစေ၏။ ရာ ခေလမူကားသားသမီးမထွန်းကားချေ။-
ကမ္ဘာဦး 30:23 - Common Language Bible သူသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက်ကိုဖွား မြင်လေ၏။ ထိုအခါသူက``ဘုရားသခင်သည် ငါ့အားသားကိုပေးသနားတော်မူခြင်းဖြင့် ငါကဲ့ရဲ့ခံရခြင်းကိုဖယ်ရှားတော်မူပြီ။- Garrad Bible သူ သ န္ဓေ ရ၍ သား ယောက်ျား ကို ဖွား မြင် လျှင် ငါ၌ ကဲ့ ရဲ့ ရာ အ ကြောင်း ကို ဘု ရား သ ခင်နုတ် ပယ် တော် မူ သည် ဟူ ၍ လည်း ကောင်း၊ Judson Bible သူသည်ပဋိသန္ဓေယူ၍ သားကိုဖွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည်ပယ်တော်မူပြီဟူ၍လည်းကောင်း၊ မြန်မာ့စံမီသမ္မာကျမ်း သူသည် ကိုယ်ဝန်ဆောင်၍ သားကို မွေးဖွားသော် “ဘုရားသခင်သည် ငါခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ဖယ်ရှားတော်မူပြီ”ဟု ဆို၏။ |
ယာကုပ်သည်လေအာကိုမချစ်ကြောင်း ထာဝရဘုရားသိမြင်တော်မူသဖြင့် လေအာကိုသားသမီးထွန်းကားစေ၏။ ရာ ခေလမူကားသားသမီးမထွန်းကားချေ။-
ထိုအချိန်ကျရောက်လာသောအခါ အမျိုးသားတစ်ယောက်လျှင် အမျိုးသမီး ခုနစ်ယောက်ဝိုင်း၍``ကျွန်မတို့သည်မိမိ တို့စားရေးဝတ်ရေးအတွက် တာဝန်ယူ နိုင်ပါသည်။ အိမ်ထောင်မဲ့ဖြစ်၍ကျွန်မတို့ အရှက်မရကြစေရန် ရှင့်အားကျွန်မတို့ ၏ခင်ပွန်းအဖြစ်ဖြင့်ဖော်ပြပါရစေ'' ဟုပြောဆိုကြလိမ့်မည်။
လူတို့သည်ဇာခရိကိုစောင့်မျှော်လျက်နေ ကြ၏။ ဇာခရိသည်ဗိမာန်တော်ထဲတွင် ကြန့်ကြာနေသည်ကိုအံ့သြကြ၏။-
ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။
ထိုမိန်းမပျိုသည်ဒါဝိဒ်မင်းမှဆင်းသက်သူ ယောသပ်နာမည်ရှိအမျိုးသားတစ်ဦးနှင့် ထိမ်းမြားရန်စေ့စပ်ကြောင်းလမ်းထားသူ ဖြစ်၏။-
သို့ရာတွင်ကျွန်မတစ်ခုတောင်းခံပါရစေ။ ကျွန်မသည်အပျိုစင်ဘဝဖြင့်အသက်ကုန် ဆုံးရသည့်အတွက် အပေါင်းအဖော်များနှင့် အတူတောင်ရိုးပေါ်တွင်လှည့်လည်၍ ငိုကြွေး မြည်တမ်းနိုင်ရန်နှစ်လမျှကျွန်မအား လွတ်လွတ်လပ်လပ်နေခွင့်ပြုပါ'' ဟုတောင်း ပန်၏။-