ဘုရားသခင်သည်လေအာ၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင် ၍ပဉ္စမသားကိုဖွားမြင်လေသည်။-
ကမ္ဘာဦး 30:18 - Common Language Bible ထိုအခါလေအာက``ငါသည်ငါ၏ကျွန်မ ကိုလင်ယောကျာ်းအားပေးအပ်သောကြောင့် ဘုရားသခင်ကငါ့အားဆုချတော်မူပြီ'' ဟုဆိုလျက် ထိုသားကိုဣသခါဟူ၍နာမည်မှည့်လေသည်။- Garrad Bible ငါ့ ကျွန် မိန်း မ ကို လင် သို့ အပ် နှင်း သည့် အ တွက် ဘု ရား သ ခင် သည် ငါ အားအ ခ ကို ပေး တော် မူ ပြီ ဟု ဆို လျက် ဣ သ ခါ အ မည် ဖြင့် မှည့် လေ ၏။ Judson Bible ငါ့ကျွန်မကို ငါ့လင်အားပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့်မှည့်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း လေအာက “ငါသည် ငါ၏ကျွန်မကို ငါ့ယောက်ျားအားပေးသောကြောင့် ဘုရားသခင်သည် ငါ့အားအဖိုးအခကိုပေးတော်မူပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဣသခါ ဟုမှည့်ခေါ်လေ၏။ |
ဘုရားသခင်သည်လေအာ၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင် ၍ပဉ္စမသားကိုဖွားမြင်လေသည်။-
လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
ဇာဗုလုန်နှင့်ဣသခါအနွယ်ကိုရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ဇာဗုလုန်အနွယ်သည်ပင်လယ်ခရီးဖြင့် ရောင်းဝယ်ဖောက်ကား၍စီးပွားတိုးတက်ပါစေ။ ဣသခါအနွယ်သည်မိမိတို့နယ်မြေအတွင်း၌ ဥစ္စာပစ္စည်းကြွယ်ဝပါစေ။