တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
ကမ္ဘာဦး 3:1 - Common Language Bible မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။ Garrad Bible မြွေ သည် ထာ ဝ ရ ဘု ရား သ ခင် ဖန် ဆင်း တော် မူ သော မြေ သ တ္တ ဝါ ခပ် သိမ်း တို့ ထက် လိ မ္မာ သည် ဖြစ် ၍ မိန်း မ အား၊ သင် တို့ သည် ဥ ယျာဉ် ၌ ရှိ သ မျှ သော အ ပင် ၏ အ သီး ကို မ စား ရ ဟု ဘု ရား သ ခင် မိန့် တော် မူ သည် ဧ ကန် စင် စစ် လော ဟူ ၍ မေး သော်၊ Judson Bible မြွေသည် ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။ မြန်မာ့စံမီသမ္မာကျမ်း မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော တောရိုင်းတိရစ္ဆာန်အားလုံးတို့ထက် လိမ္မာပါးနပ်၏။ မြွေက မိန်းမအား “ဥယျာဉ်ထဲရှိ မည်သည့်အပင်၏အသီးကိုမျှ မစားရဟူ၍ ဘုရားသခင်သည် အမှန်ပင်မိန့်တော်မူသလော”ဟု မေးလေ၏။ |
တယောက်လဲလျှင် တယောက်ထူလိမ့်မည်။ တယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသော သူမရှိ။
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။
``ဘုရားသခင်သည်သင့်အားကာကွယ်စောင့် ရှောက်ရန်ကောင်းကင်တမန်တို့အား အမိန့်ပေးတော်မူမည်ဖြစ်ရာ၊သူတို့သည် သင်၏ခြေကိုကျောက်ခဲများနှင့်မထိမခိုက်မိ စေရန်၊ သင့်အားချီပင့်ကြလိမ့်မည်ဟုကျမ်းစာတော်တွင် ပါရှိပါ၏။ သို့ဖြစ်၍အရှင်သည်ထာဝရဘုရား၏ သားတော်မှန်လျှင်အောက်သို့ခုန်ချပါလော့'' ဟုလျှောက်၏။
ထိုနောက် ``ကိုယ်တော်သည်ငါ့အားဦးညွှတ်ရှိခိုး မည်ဆိုပါကဤအရာအလုံးစုံကိုငါပေး မည်'' ဟုဆို၏။
သူတို့ဤသို့ပြုကြသည်မှာအံ့သြစရာမဟုတ်။ စာတန်ပင်လျှင်အလင်း၏ကောင်းကင်တမန် အသွင်ကိုယူဆောင်နိုင်ပေသည်။-
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။
နဂါးသည်အမျိုးသမီးအားရေအဟုန်တွင် မျောပါသွားစေရန် မိမိ၏ခံတွင်းမှရေကို မြစ်သဖွယ်မှုတ်ထုတ်လိုက်၏။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
သူသည်ရှေးမြွေနဂါးကြီးကိုဖမ်းဆီးပြီးလျှင် သံကြိုးဖြင့်အနှစ်တစ်ထောင်ချည်နှောင်၍ထား ၏။ ထိုနဂါးကားနတ်မိစ္ဆာဘုရင်သို့မဟုတ် စာတန်ပင်ဖြစ်၏။-