သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။-
ကမ္ဘာဦး 29:9 - Common Language Bible ယာကုပ်သည်သိုးကျောင်းသားတို့နှင့်စကား ပြောဆိုနေစဉ်ဖခင်၏သိုးတို့ကိုထိန်းကျောင်း ရသောရာခေလသည်သိုးအုပ်နှင့်အတူလာ နေ၏။- Garrad Bible ထို သို့ အ ချင်း ချင်း ပြော ကြ စဉ် သိုး ထိန်း သူ ရာ ခေ လ သည် အ ဘ သိုး များ နှင့် ရောက် လာ ၏။ Judson Bible ထိုသို့တစ်ဦးနှင့် တစ်ဦးနှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည်ဖြစ်၍၊ သိုးတို့ကိုဆောင်လျက်လာ၏။ မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် သူတို့နှင့်စကားပြောလျက်နေစဉ် ဖခင်၏သိုးတို့ကို ထိန်းကျောင်းသောရာခေလသည် သိုးများနှင့်အတူ ရောက်လာ၏။ |
သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။-
ယာကုပ်သည်သူ၏ဦးရီးလာဗန်သိုးအုပ် နှင့်အတူရာခေလရောက်ရှိလာသောအခါ ရေတွင်းသို့သွား၍ကျောက်တုံးကိုရွှေ့ဖယ်ပြီး လျှင်လာဗန်၏သိုးတို့ကိုရေတိုက်လေ၏။-
ထိုအခါသူတို့က``ကျွန်ုပ်တို့ထိုသို့မပြု လုပ်နိုင်ပါ။ သိုးအုပ်အားလုံးဤအရပ်သို့ ရောက်ရှိ၍ကျောက်တုံးကိုရွှေ့ပြီးမှသိုးတို့ ကိုရေတိုက်ရပါသည်'' ဟုပြန်ဖြေကြ၏။
မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။-