ကမ္ဘာဦး 24:15 - Common Language Bible15 သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible15 ထို သို့ အား ဖြင့် အ ကျွန်ုပ် သ ခင် အား ကျေး ဇူး ပြု တော် မူ ကြောင်း သိ ရ ပါ မည် ဟု လျှောက် ဆို၏။ ထို သို့ လျှောက် ဆို ၍ မ ဆုံး သေး မီ ပင် အာ ဗြ ဟံ၏ ညီ နာ ခေါ့် မ ယား မိ လ ခါ၏ သား ဖြစ် သူ ဗေ သွေ လ ရ သော သ မီး ရေ ဗ က္က သည် ရေ အိုး ကို ထမ်း လျက် ထွက် လာ ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယား၊ မိလခါသား၊ ဗေသွေလ၏သမီးရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့အထဲမှတစ်ယောက်ယောက်အား`သင်၏ ရေခရားမှရေတစ်ပေါက်လောက်သောက်ပါရ စေ' ဟုဆိုပါမည်။ အကယ်၍ထိုအမျိုးသမီး က`သောက်ပါ။ သင်၏ကုလားအုတ်တို့အတွက် လည်းရေခပ်ပေးပါမည်' ဟုဆိုလျှင် ထိုအမျိုး သမီးသည်ကိုယ်တော်၏ကျွန်ဣဇာက်အတွက် ကိုယ်တော်ရွေးချယ်ထားသူဖြစ်ပါစေသော။ အကျွန်ုပ်လျှောက်ထားသည့်အတိုင်းဖြစ်ခဲ့ လျှင်အကျွန်ုပ်၏သခင်အားထားတော်မူ သောကတိတော်အတိုင်း ကိုယ်တော်ပြုတော် မူကြောင်းအကျွန်ုပ်သိရပါမည်'' ဟုဆု တောင်းလေ၏။