အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
ကမ္ဘာဦး 29:2 - Common Language Bible ထိုပြည်သို့ရောက်သောအခါလယ်ကွင်းထဲ၌သိုး စုသုံးစုဝိုင်းရံလျက်ရှိသောရေတွင်းတစ်တွင်းကို မြင်ရလေသည်။ ထိုသို့ဝိုင်းရံရခြင်းမှာသိုးစုများ ကိုထိုရေတွင်းမှရေတိုက်ရခြင်းကြောင့်ဖြစ်၏။ ရေ တွင်းအဝကိုကျောက်တုံးကြီးဖြင့်ပိတ်ထားသည်။- Garrad Bible မျှော် ကြည့် ၍ ကွင်း စား ကျက်၌ ရေ တွင်း တစ် ခု ကို မြင် လေ၏။ ၎င်း တွင်း ၀ ကို ပိတ် သော ကျောက် ကြီး သည် နှင့် သိုး အုပ် ရှိ သ မျှ စု ရုံး မိ မှ သာ တွင်း၀ ရှိ ကျောက် ကို လှိမ့် လှန်၍ သိုး များ ကို ရေ တိုက် ပြီး လျှင် နေ ရာ ရင်း တွင်း၀ ကို ပိတ် မြဲ ပိတ် ထား လေ့ ရှိ ကြ ၏။ ထို တွင်း ထဲ မှ သိုး များ ကို ရေ တိုက် တတ် သည် ဖြစ်၍ တွင်း အ နီး သိုး သုံး အုပ်၀ပ် နေ သော ကြောင့်၊ Judson Bible မျှော်ကြည့်၍ တောစ၌ ရေတွင်းတစ်ခုကိုမြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစုအိပ်လျက်ရှိ၏။ ရေတွင်းဝပေါ်မှာ ကြီးစွာသောကျောက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ကွင်းပြင်၌ ရေတွင်းတစ်တွင်းကိုမြင်လေ၏။ ရေတွင်းအနီးတွင် သိုးအုပ်သုံးအုပ်လဲလျောင်းနေ၏။ အကြောင်းမှာ သိုးအုပ်တို့ကို ထိုရေတွင်း၌ ရေတိုက်လေ့ရှိကြသောကြောင့်ဖြစ်၏။ ထိုရေတွင်းဝကို ကျောက်တုံးကြီးဖြင့် ပိတ်ထား၏။ |
အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
ထိုအရပ်သို့ရောက်သော်သူသည်မြို့ပြင်ရှိ ရေတွင်းအနီးတွင် ကုလားအုတ်များကိုဝပ် ချစေ၏။ ထိုအချိန်သည်ကားမြို့တွင်းမှအမျိုး သမီးများထွက်၍ရေခပ်ရန်လာသောညနေ ချမ်းအချိန်ဖြစ်သတည်း။-
အကျွန်ုပ်သည်မြို့တွင်းမှမိန်းမပျိုများရေ ခပ်လာမည့်ရေတွင်းနားသို့ရောက်ရှိနေပါ၏။-
သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။
ကိုယ်တော်သည်ငါ့အားစိမ်းလန်းသော စားကျက်များတွင်နားနေစေတော်မူ၏။ ဆိတ်ငြိမ်ရာမြစ်ချောင်းများသို့ လမ်းပြပို့ဆောင်တော်မူ၏။
သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုအရပ်တွင်ယာကုပ်၏ရေတွင်းရှိ၏။ သခင် ယေရှုသည်ခရီးပန်းတော်မူသဖြင့်ရေတွင်း အနီးတွင်ထိုင်တော်မူ၏။ ထိုအချိန်ကားမွန်း တည့်အချိန်ခန့်ဖြစ်သတည်း။
အဘယ်ကြောင့်ဆိုသော်ပလ္လင်တော်အလယ် တွင်ရှိတော်မူသော သိုးသူငယ်တော်သည် သူတို့အားစောင့်ထိန်းကြည့်ရှု၍ အသက် စမ်းရေရှိရာအရပ်သို့ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် လည်းသူတို့၏မျက်ရည်ရှိသမျှကိုသုတ် တော်မူလိမ့်မည်'' ဟုဆို၏။
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။