သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
ကမ္ဘာဦး 27:3 - Common Language Bible သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။- Garrad Bible ငါ မ သေ မီ ငါ့ စိတ် ၀ိ ညာဉ် သည် သင့် ကို ကောင်း ကြီး ပေး စေ ရန် သင့် လက် နက် တည်း ဟူ သော လေး နှင့် မြှား ကျည် တောက် ကို ဆောင် ကိုင် ၍ တော သို့ သွား လျက် အ မဲ လိုက် ပြီး လျှင် ငါ မြိန် ရှက် သော ခဲ ဖွယ် ဘော ဇဉ် ကို ပြင် ဆင် ၍ ငါ စား ရန် ယူ ခဲ့ လော့ ဟု ပြော ဆို ၏။ Judson Bible မသေမီ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြားတောင့်ကိုဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဖို့ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ငါမသေမီ သင့်ကို ငါကောင်းချီးပေးဖို့ သင်၏လက်စွဲတော် လေးနှင့်မြားအိမ်ကိုယူ၍ တောသို့သွားပြီး ငါ့အဖို့ တောကောင်ကိုလိုက်လော့။ |
သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
လေးမြားမပါဘဲအဘယ်သူမျှထိုအရပ် သို့သွားရဲကြလိမ့်မည်မဟုတ်။ တိုင်းပြည် တစ်ခုလုံးပင်လျှင်ဆူးခြုံအမျိုးမျိုး ဖြင့်ပြည့်၍နေလိမ့်မည်။-
သင်တို့က``ငါတို့သည်အဘယ်အမှုကိုမဆို ပြုနိုင်ခွင့်ရှိ၏'' ဟုဆိုကြလိမ့်မည်။ သင်တို့ ဆိုသည်အတိုင်းမှန်ပေ၏။ သို့သော်အရာ ခပ်သိမ်းသည် သင်တို့အဖို့အကျိုးမရှိနိုင်။ ငါသည်အဘယ်အမှုကိုမဆိုပြုပိုင်ခွင့် ရှိသည်ဟုဆိုနိုင်သော်လည်း အဘယ်အမှု ကမျှငါ့အား၎င်း၏ကျွန်ဖြစ်စေရန်ငါ အခွင့်ပေးလိမ့်မည်မဟုတ်။-