ဟေရှာယ 7:24 - Common Language Bible24 လေးမြားမပါဘဲအဘယ်သူမျှထိုအရပ် သို့သွားရဲကြလိမ့်မည်မဟုတ်။ တိုင်းပြည် တစ်ခုလုံးပင်လျှင်ဆူးခြုံအမျိုးမျိုး ဖြင့်ပြည့်၍နေလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible24 ဆူး ပင်၊ ရှား စောင်း ပင် များ ပြည် လုံး နှံ့ ပေါက် သ ဖြင့်၊ လူ တို့ သည် လေး နှင့် မြှား ကို ဆောင် သွား ရ၍၊ အခန်းကိုကြည့်ပါ။Judson Bible24 လေးနှင့် မြားကို ဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်။ မြေတစ်ပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 မြေတစ်ပြင်လုံး ချုံတော၊ ဆူးတော ဖြစ်သွားသောကြောင့် လူတို့သည် ထိုနေရာသို့သွားလျှင် လေး၊ မြား ဆောင်လျက် သွားရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။