သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။-
ကမ္ဘာဦး 27:2 - Common Language Bible ထိုအခါဣဇာက်က``ငါသည်ယခုအိုလှပြီ။ မကြာမီသေရမည်။- Garrad Bible အ ဘ က၊ ငါ အို မင်း လှ ပြီ။ သေ အံ့ သော နေ့ ရက် ကို ငါ မ သိ။ Judson Bible အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကိုငါမသိ။ မြန်မာ့စံမီသမ္မာကျမ်း ဣဇက်ကလည်း “ယခု ငါအသက်ကြီးပြီ။ မည်သည့်နေ့ရက်၌ သေရမည်ကို ငါမသိ။ |
သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။-
သူသည်စုတေ့ရသောအချိန်နီးလာသော အခါ သားယောသပ်ကိုခေါ်၍ငါ့အားသင် မျက်နှာသာပေးမည်ဆိုလျှင်``ငါ၏ပေါင်အောက် မှာသင်၏လက်ကိုထားလျက် သင်၏ကရုဏာ နှင့်သစ္စာတရားကိုငါ့အားပြမည်ဟုကတိ ပြုပါလော့။ အဖကိုအီဂျစ်ပြည်၌သင်္ဂြိုဟ် ခြင်းမပြုပါနှင့်။-
ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားရိုးဖြောင့်စွာသစ္စာနှင့် ကိုးကွယ်ဝတ်ပြုလျက် ကိုယ်တော်ပြုစေလို သည့်အတိုင်းကြိုးစားပြုကျင့်သည်ကို အောက်မေ့သတိရတော်မူပါ'' ဟုဆု တောင်းပတ္ထနာပြုပြီးလျှင်ဝမ်းနည်း ပက်လက်ငိုကြွေးတော်မူ၏။
သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။-
သင်တို့သည်နက်ဖြန်နေ့၌မည်သို့ဖြစ်မည်ကို ပင်မသိနိုင်ကြ။ လူ့ဘဝဟူသည်ခေတ္တခဏ မျှသာပေါ်လာပြီးနောက်ပျောက်ကွယ်သွား တတ်သည့်မီးခိုးနှင့်တူ၏။-
သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။