ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
ကမ္ဘာဦး 26:3 - Common Language Bible ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။- Garrad Bible ဤ ပြည် ၌ ပင် တည်း ခို နေ လော့။ သင် နှင့် အ တူ ငါ ရှိ၍ ကောင်း ကြီး ပေး မည်။ သင် နှင့် အ မျိုး အ နွယ် အား ဤ ပြည် ထောင် ရှိ သ မျှ ကို ငါ ပေး ၍ သင့် အ ဘ အာ ဗြ ဟံ အား ထား ခဲ့ သော သ စ္စာ အ တိုင်း ငါ ပြု မည်။ Judson Bible ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက်မှာငါနေ၍ ကောင်းချီးပေးမည်။ အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသောစကားရှိသည်အတိုင်းငါပြုမည်။ မြန်မာ့စံမီသမ္မာကျမ်း ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။ |
ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
သင်သည်ယခုထ၍မြေတစ်ပြင်လုံးကိုလှည့်ပတ်ကြည့်ရှုလော့။ သင်မြင်ရသမျှသောမြေကိုသင့်အားငါပေးမည်'' ဟုမိန့်တော်မူ၏။-
ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
ယခုသင်သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင် ရသော ဤပြည်ကိုသင်နှင့်သင်၏အဆက်အနွယ် တို့အားငါပေးမည်။ ခါနာန်ပြည်တစ်ပြည်လုံး ကို သင်၏အဆက်အနွယ်တို့အားထာဝစဉ် အပိုင်ပေးမည်။ ငါသည်လည်းသူတို့၏ဘုရား ဖြစ်မည်'' ဟုမိန့်တော်မူ၏။
အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
အာဗြဟံကွယ်လွန်ပြီးနောက်``ငါ့ကိုမြင် တော်မူသည့်အသက်ရှင်တော်မူသောအရှင် ၏ရေတွင်း'' အနီး၌နေထိုင်သောဣဇာက်ကို ဘုရားသခင်ကောင်းချီးပေးတော်မူ၏။
ဣဇာက်သည်ထိုပြည်တွင်နေထိုင်စဉ် ကောက်ပဲ သီးနှံစိုက်ပျိုးလုပ်ကိုင်ရာ ထာဝရဘုရား သည်သူ့အားကောင်းချီးပေးသဖြင့် ထိုနှစ် တွင်အဆတစ်ရာမျှသောအသီးအနှံကို ရိတ်သိမ်းရသည်။-
သူ၌သိုးအုပ်၊ နွားအုပ်နှင့်အခြွေအရံများစွာရှိ ၍ ဖိလိတ္တိအမျိုးသားတို့သည်သူ့အားမနာ လိုကြသဖြင့်၊-
ထိုညမှာထာဝရဘုရားသည်သူ့အားကိုယ် ထင်ပြ၍``ငါသည်သင်၏အဖအာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ်နှင့်။ ငါသည်သင်တို့နှင့် အတူရှိ၏။ ငါ၏ကျွန်အာဗြဟံအားထား သောကတိတော်ကိုထောက်၍သင့်ကိုကောင်းချီး ပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းများ ပြားစေမည်'' ဟုမိန့်တော်မူသည်။-
ထိုနောက်ထာဝရဘုရားသည်သူ့အနီးတွင် ရပ်နေသည်ကိုမြင်ရ၏။ ထာဝရဘုရားက``ငါ သည်အာဗြဟံ၊ ဣဇာက်တို့၏ဘုရားတည်းဟူ သောထာဝရဘုရားဖြစ်၏။ သင်ယခုနားနေ ရာပြည်ကိုသင်နှင့်သင်၏အဆက်အနွယ်တို့ အားငါပေးမည်။-
ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
သို့ဖြစ်၍ထာဝရဘုရားက``သင်၏ဘိုးဘေး တို့နှင့်ဆွေမျိုးသားချင်းတို့နေထိုင်ရာပြည် သို့ပြန်လော့။ ငါသည်သင်နှင့်အတူရှိမည်'' ဟု ယာကုပ်အားမိန့်တော်မူ၏။
ငါသည်အာဗြဟံနှင့်ဣဇာက်တို့အားပေး သောပြည်ကိုသင့်အားလည်းကောင်း၊ သင်၏ အဆက်အနွယ်တို့အားလည်းကောင်းငါ ပေးမည်'' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။-
ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။
ထာဝရဘုရားက ``ငါသည်သင်လိုက်လျှောက်သင့်သည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံဉာဏ်ပေး၍ကြည့်ရှုပြုစုမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။ ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
ထာဝရဘုရားသခင်သည်သူတို့၏ညည်း ညူသံကိုကြားတော်မူ၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုထားသောပဋိညာဉ်ကို သတိရလျက်၊-
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
ထို့အပြင်သူတို့သည်ဧည့်သည်အဖြစ်ဖြင့်နေ ထိုင်ခဲ့ရသောခါနာန်ပြည်ကို သူတို့အားပေး မည်ဟုငါသည်သူတို့နှင့်ပဋိညာဉ်ပြုခဲ့၏။-
ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါကတိထားသောပြည်သို့သင်တို့အားပို့ ဆောင်မည်။ ငါသည်ထိုပြည်ကိုသင်တို့အား အပိုင်ပေးမည်။ ငါသည်ထာဝရဘုရားဖြစ် ၏' ဟူ၍ပြောကြားရမည်'' ဟုမိန့်တော်မူ၏။-
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
မကြောက်ကြနှင့်ငါသည်သင်တို့နှင့်အတူ ရှိ၏။ ``ဝေးလံသောအရှေ့အရပ်နှင့်အနောက်အရပ်၊ အစွန်ဆုံးဒေသမှသင်တို့အမျိုးသားများ ကို မိမိတို့ပြည်သို့ငါခေါ်ဆောင်ခဲ့မည်။
ကိုယ်တော်သည်ရှေးအခါကအကျွန်ုပ်တို့ ၏ဘိုးဘေးတို့အား ကတိထားရှိခဲ့သည့် အတိုင်းအာဗြဟံနှင့်ယာကုပ်တို့၏အ ဆက်အနွယ်များဖြစ်သော ကိုယ်တော်၏ လူမျိုးတော်အားသစ္စာတော်၊ ကရုဏာတော် နှင့်အညီကျေးဇူးပြုတော်မူလိမ့်မည်။ ပရောဖက်မိက္ခာစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ ပြည်သည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ အဆက်အနွယ်တို့အား ပေးမည်ဟုငါကတိ ထားသောပြည်ဖြစ်သည်။ ယခုဤပြည်ကို သင်ကြည့်ရှုလော့။ သို့ရာတွင်ဤပြည်ကို သင်မဝင်ရ'' ဟုမိန့်တော်မူ၏။
ငါ၏ထံတွင်သင်ကြားမြင်ခဲ့သမျှကိုပြု ကျင့်ကြလော့။ သို့ပြုလျှင်ငါတို့အားငြိမ် သက်ခြင်းကိုပေးတော်မူသောဘုရားသခင် သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။-
ဘုရားသခင်သည်မိမိအကြံအစည်တော် ကိုပြောင်းလဲတော်မူမည်မဟုတ်ကြောင်းကို ကတိတော်ဆိုင်ရာဆုကျေးဇူးများခံယူရ မည့်သူတို့အားပွင့်လင်းထင်ရှားစွာဖော်ပြ တော်မူလို၏။ သို့ဖြစ်၍ကိုယ်တော်သည်တိုင် တည်ကျိန်ဆိုခြင်းအားဖြင့်ကတိပြုတော် မူခြင်းဖြစ်ပေသည်။-