ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
ကမ္ဘာဦး 25:4 - Common Language Bible မိဒျန်၏သားများမှာဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါတို့ဖြစ်ကြသည်။ ထိုသူ အားလုံးတို့သည်ကားကေတုရ၏အဆက် အနွယ်များဖြစ်ကြသတည်း။ Garrad Bible မိ ဒျန့် သား များ ကား၊ ဧ ဖာ၊ ဧ ဖေ ရ၊ ဟာ နုတ်၊ အ ဘိ ဒ၊ ဧ လ ဒါ တို့ တည်း။ ထို သူ အ ပေါင်း တို့ ကား ကေ တု ရ သား မြေး တို့ တည်း။ Judson Bible မိဒျန်သားကား၊ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ်ဖြစ်ကြသတည်း။ မြန်မာ့စံမီသမ္မာကျမ်း မိဒျန်၏သားများမှာ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့် ဧလဒါ တို့ဖြစ်ကြ၏။ ဤသူအပေါင်းတို့သည် ကေတုရ၏သားမြေးများဖြစ်ကြ၏။ |
ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
သူတို့သည်မိဒျန်ပြည်မှထွက်ခွာပြီးလျှင်ဖာရန် မြို့သို့ရောက်ရှိကြသောအခါ လူအချို့တို့သည် သူတို့ဘက်သို့ဝင်ရောက်လာကြ၏။ ထို့နောက်သူ တို့သည်အီဂျစ်ပြည်သို့ထွက်သွား၍အီဂျစ် ဘုရင်ထံသို့ရောက်ရှိကြသောအခါ မင်းကြီး သည်ဟာဒဒ်အား မြေ၊ အိမ်နှင့်၊ စားနပ်ရိက္ခာကို ပေးတော်မူ၏။-
မိဒျန်တွင်ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ နှင့်ဧလဒါဟူသောသားငါးယောက်ရှိ၏။
ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။