အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
ကမ္ဘာဦး 24:51 - Common Language Bible သင့်ရှေ့တွင်ရေဗက္ကရှိပါ၏။ သူ့ကိုခေါ်ဆောင် သွားပါလော့။ ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူသည်အတိုင်းသူ့အားသင့်သခင် သား၏မယားအဖြစ်ခေါ်ဆောင်သွားပါ လော့'' ဟုဖြေကြ၏။- Garrad Bible ရေ ဗ က္က သည် ရှေ့ တွင် ရှိ ပါ ၏။ ထာ၀ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း သင့် သ ခင့် သား ၏ မ ယား ဖြစ် စေ ရန် ဆောင် သွား ပါ လော့ ဟု ဆို ကြ ၏။ Judson Bible ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏သခင်သား၏မယားဖြစ်စေဟု ပြန်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။ |
အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
သူဆုတောင်း၍မဆုံးမီ၊ ရေဗက္ကဆိုသူအမျိုး သမီးသည်ရေခရားကိုပခုံးပေါ်တင်လျက် ရောက်ရှိလာလေသည်။ သူသည်အာဗြဟံ၏ညီ နာခေါ်နှင့်မယားမိလခါတို့၏သားဗေသွေ လ၏သမီးဖြစ်သည်။-
လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
အာဗြဟံ၏အစေခံသည်ထိုစကားကို ကြားရလျှင် ထာဝရဘုရားအားဦးညွှတ် ရှိခိုးလေသည်။-
မင်းကြီးကအဘိရှဲနှင့်သူ၏အစ်ကိုယွာဘ အား``ဤအမှုသည်သင်တို့နှင့်မသက်ဆိုင်။ ထာဝရဘုရားစေခိုင်းတော်မူသဖြင့် သူ သည်ကျိန်ဆဲခဲ့သော်သူ့အား`သင်သည် အဘယ်ကြောင့်ဤသို့ပြုဘိသနည်း' ဟု အဘယ်သူမေးမြန်းမည်နည်း'' ဟုဆို၏။-
အိမ်ထောင်သားမွေးမှုတို့ကိုပြုစေကြလော့။ သင်တို့၏သားသမီးတို့အားသားသမီးမွေး ဖွားစေရန်အိမ်ထောင်ပြုစေကြလော့။ သင်တို့ တွင်လူဦးရေတိုးပွားစေရမည်။ မဆုတ်ယုတ် စေရ။-