ကမ္ဘာဦး 24:32 - Common Language Bible သို့ဖြစ်၍ထိုသူသည်လာဗန်တို့၏အိမ်သို့လိုက် ပါလာ၏။ လာဗန်သည်ကုလားအုတ်များမှဝန် စည်များကိုချပြီးလျှင် တိရစ္ဆာန်များကိုကောက် ရိုးနှင့်အစာကျွေးလေ၏။ ထိုနောက်အာဗြဟံ၏ အစေခံနှင့်သူ၏အဖော်တို့ခြေဆေးရန်ရေ ကိုလည်းယူခဲ့သည်။- Garrad Bible ထို လူ ကို အိမ် ထဲ သို့၀င် စေ၍ ကု လား အုပ် က ကြိုး များ ကို ဖြုတ် ချ ပြီး မှ ကောက် ရိုး မှ စ သော အ စာ များ ကို ပေး သည့် ပြင် ၎င်း သူ နှင့် တ ကွ လိုက် လာ သူ တို့ ပါ ခြေ ဆေး ရန် ရေ ကို လည်း ပေး လေ ၏။ Judson Bible ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုတ်တို့တန်ဆာကိုချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့် စားစရာကိုပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဖို့ရေကိုလည်းပေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထိုသူသည် အိမ်သို့လိုက်လာ၏။ လာဗန်သည် ကုလားအုတ်များပေါ်မှ ဝန်ကိုချ၍ ကုလားအုတ်တို့အတွက် ကောက်ရိုးနှင့်အစာကိုပေး၏။ ထိုသူနှင့် သူ့အဖော်တို့၏ခြေကိုဆေးရန် ရေကိုလည်းပေး၏။ |
အကျွန်ုပ်သည်အရှင်တို့အားဧည့်ဝတ်ပြုပါရစေ။ အကျွန်ုပ်အိမ်သို့ကြွတော်မူကြပါ။ ခြေကိုဆေး၍ညအိပ်တည်းခိုကြပါ။ နံနက်စောစောထ၍ခရီးဆက်ကြပါ'' ဟုခေါ်ဖိတ်လေ၏။ သို့ရာတွင်ကောင်းကင်တမန်တို့က``ငါတို့သည် အပြင်လမ်းမပေါ်၌သာနေပါမည်'' ဟုဆိုလေ၏။
သူတို့အတွက်စားစရာကိုပြင်ဆင်ပြီးသော အခါထိုသူက``ကျွန်ုပ်ပြောစရာရှိသမျှ ကိုပြောပြပြီးမှအစာစားပါမည်'' ဟုဆို လေ၏။ လာဗန်က``ပြောပါ'' ဟုဆို၏။-
လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
အိမ်တော်ဝန်သည်သူတို့ကိုအိမ်ထဲသို့ဝင်စေ ၏။ သူတို့၏ခြေများကိုဆေးကြောရန်ရေကို ပေး၍သူတို့၏မြည်းများကိုအစာကျွေး ၏။-
ထိုနောက်အမျိုးသမီး၏ဘက်ကိုလှည့်၍ ရှိမုန်အား ``သင်သည်ဤအမျိုးသမီးကို မြင်သလော။ ငါသည်သင်၏အိမ်သို့ဝင်သော အခါ သင်သည်ခြေဆေးရေကိုမပေး။ သို့ ရာတွင်သူသည်မျက်ရည်ဖြင့် ငါ့ခြေကို ဆေး၍ဆံပင်ဖြင့်သုတ်လေပြီ။-
ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
သို့ဖြစ်၍သူသည်ထိုသူတို့ကိုမိမိ၏အိမ် သို့ခေါ်ဆောင်ပြီးလျှင် သူတို့၏မြည်းများ ကိုအစာကျွေး၏။ သူ၏ဧည့်သည်တို့သည် လည်းခြေဆေးပြီးလျှင်အစားအစာသုံး ဆောင်ကြလေသည်။
အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-