ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ကမ္ဘာဦး 22:18 - Common Language Bible သင်သည်ငါ၏အမိန့်ကိုနာခံသောကြောင့်သင် ၏အဆက်အနွယ်တို့သည် ကောင်းချီးခံရသည့် နည်းတူကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ကသူ တို့အားလည်း ကောင်းချီးပေးရန်ငါ့အားတောင်း လျှောက်ကြလိမ့်မည်'' ဟုမိန့်တော်မူသည်။- Garrad Bible ငါ့ စ ကား ကို သင် နား ထောင် သည် ဖြစ်၍ သင့် အ မျိုး အ နွယ် အား ဖြင့် မြေ ပေါ် ရှိ လူ မျိုး ခပ် သိမ်း တို့ သည် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လ တ္တံ့ ဟု ငါ့ ကိုယ် တိုင် ကို တိုင် တည်၍ သ စ္စာ ထား သည် ဟူ သော ဗျာ ဒိတ် တော် ကို စေ တ မန် တော် ဆင့် ဆို ၏။ Judson Bible သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု ငါ၏စကားကိုသင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ကျိန်ဆို၏ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။ အကြောင်းမူကား သင်သည် ငါ့စကားကိုနားထောင်သောကြောင့်ဖြစ်၏”ဟု မြွက်ဆို၏။ |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
သင်၏အဆက်အနွယ်တို့သည်မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ သူတို့၏နယ်မြေသည်အရပ် လေးမျက်နှာသို့ကျယ်ပြန့်လိမ့်မည်။ ငါသည် သင်နှင့်သင်၏အဆက်အနွယ်တို့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
မင်းကြီး၏နာမတော်သည်တည်မြဲပါ စေသော။ ဂုဏ်သတင်းတော်သည်နေကဲ့သို့အစဉ်အမြဲ တည်နေပါစေသော။ ဘုရားသခင်သည်မင်းကြီးအားကောင်းချီး ပေးတော်မူ သကဲ့သို့လူမျိုးတကာတို့သည် မိမိတို့အားလည်းကောင်း၊ကောင်းချီးပေးတော် မူရန် ဘုရားသခင်ထံတောင်းလျှောက်ကြပါစေသော။
မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ဘုရင်အားလျှောက် ထားကြ၏။-
ငါ၏နာမတော်ကိုသင်တို့တိုင်တည်ကျိန်ဆို မှုသည်တော်တည့်မှန်ကန်၊ လျော်ကန်သင့်မြတ် လိမ့်မည်။ ထိုအခါလူမျိုးတကာတို့သည် မိမိ တို့အားကောင်းချီးပေးရန်ငါ့ထံတောင်း လျှောက်ကြလိမ့်မည်။ ငါ့ကိုလည်းထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ငါသည်သူတို့၏ဘုရားသခင် ဖြစ်၍သူတို့သည်လည်း ငါ၏လူမျိုးတော် ဖြစ်စိမ့်သောငှာငါ့စကားကိုနားထောင်ကြ ရန်ကိုမူငါပညတ်ခဲ့၏။ အစစအရာရာ အဆင်ပြေရေးအတွက် ငါချပေးသည့် လမ်းစဉ်အတိုင်းလိုက်လျှောက်ပြုကျင့် ကြရန်ငါမှာကြားခဲ့၏။-
အာဗြဟံနှင့်ဒါဝိဒ်မှဆင်းသက်တော်မူသော သခင်ယေရှုခရစ်၏ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းကားဤသို့တည်း။
ထိုပရောဖက်များဖြင့်ဘုရားသခင်ပေးတော် မူသောကတိများသည် သင်တို့နှင့်ဆိုင်၏။ သင်တို့ ဘိုးဘေးများနှင့်ဘုရားသခင်ပြုတော်မူသော ပဋိညာဉ်တော်သည်လည်းသင်တို့နှင့်ဆိုင်၏။ ဘုရား သခင်ကအာဗြဟံအား`သင်၏အမျိုးအနွယ် အားဖြင့်ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံစားကြရလိမ့်မည်' ဟုမိန့်တော်မူခဲ့သတည်း။-
ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
ကျမ်းစာလာသည့်အတိုင်းဘုရားသခင်၏ ကတိတော်များသည် အာဗြဟံနှင့်သူ၏ သားမြေးအတွက်ဖြစ်၏။ သားမြေးဆိုသော စကားသည်ဧကဝုစ်ကိန်းတည်း။ ဗဟုဝုစ်ကိန်း မဟုတ်။ သင်၏အမျိုးအနွယ်ဟူ၍သာဆို၏။ လူအများကိုရည်စူး၍ဆိုခြင်းမဟုတ်။ လူတစ်ဦးတည်းကိုသာရည်စူး၍ဆိုပေ သည်။ ထိုသို့ရည်စူးခြင်းခံရသူကား ခရစ်တော်ပင်ဖြစ်၏။-
အကယ်၍ဘုရားသခင်၏ဆုကျေးဇူးတော် သည် ပညတ်တရားအပေါ်၌မူတည်လျှင် ထို ဆုကျေးဇူးတော်သည်ကတိတော်အပေါ်၌ မူမတည်တော့ပေ။ သို့ရာတွင်ဘုရားသခင် သည်ကတိတော်ကြောင့် အာဗြဟံအားထိုဆု ကျေးဇူးတော်ကိုပေးသနားတော်မူသတည်း။
ငါတို့သခင်ယေရှု၏ခမည်းတော်ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြကုန် စို့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းကင်လောကဆိုင်ရာဝိညာဉ်ကောင်း ချီးမင်္ဂလာအပေါင်းကို ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သူငါတို့အား ပေးသနားတော်မူသောကြောင့်တည်း။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-