အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
ကမ္ဘာဦး 21:7 - Common Language Bible စာရာကဆက်လက်၍``စာရာသည်သားကိုနို့ တိုက်မည်ဟုမည်သူကအာဗြဟံအားပြောမည် နည်း။ ယခုမူကားအသက်အရွယ်ကြီးရင့်သော အချိန်၌ငါသည်သူ့အတွက်သားကိုဖွားပြီ'' ဟုဆိုလေ၏။ Garrad Bible စာ ရာ သည် သား ကို နို့ ချို တိုက် ကျွေး ရ လိမ့် မည် ဟု အာ ဗြ ဟံ အား မည် သူ ပြော နှင့် ရ သ နည်း။ သူ အ သက် ကြီး ရင့် မှ ငါ သည် သား ယောက်ျား ကို ရ ပြီ ဟူ ၍ လည်း ကောင်း ဆို လေ ၏။ Judson Bible စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကိုဖွားပြီဟူ၍လည်းကောင်း ဆိုလေ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သူက “စာရာသည် သားသမီးကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံကို မည်သူပြောခဲ့ဖူးမည်နည်း။ ယခုမူကား သူအသက်ကြီးသောအခါ သူ့အဖို့ သားတစ်ယောက်ကိုငါမွေးဖွားပေးခဲ့ပြီ”ဟု ဆိုလေ၏။ |
အာဗြဟံသည်မျက်နှာကိုမြေကြီးနှင့်ထိ အောင်ပျပ်ဝပ်နေစဉ်``အသက်တစ်ရာရှိသူ၌ ကလေးရနိုင်ပါဦးမည်လော။ အသက်ကိုး ဆယ်ရှိသူစာရာ၌ကလေးမွေးနိုင်ပါဦး မည်လော'' ဟုတွေးတောမိသဖြင့်ရယ်လေ သည်။-
ထိုအခါထာဝရဘုရားက``စာရာသည် ငါဤ မျှလောက်အရွယ်ကြီးရင့်ကာမှ သားသမီးရ နိုင်ဦးမည်လောဟုဆို၍ အဘယ်ကြောင့်ပြုံး ရယ်ရသနည်း။-
ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
ထိုအမျိုးသမီးသည်သားဂေနုဗတ်ကိုဖွားမြင် ရာ ထိုသားကိုနန်းတော်တွင်း၌မိဖုရားကပင် လျှင်စောင့်ရှောက်ပြုစုထားသဖြင့် သူငယ်သည် ဘုရင်၏သားတော်များနှင့်အတူနေထိုင်ရ လေသည်။
နောက်တစ်နေ့နံနက်၌ကျွန်မသည်အိပ်ရာ မှနိုး၍ ကလေးကိုနို့တိုက်မည်ပြုသောအခါ ကလေးသေနေသည်ကိုတွေ့ရပါသည်။ ကလေး ကိုသေချာစွာကြည့်ရာထိုကလေးသည် ကျွန်မ၏ကလေးမဟုတ်ကြောင်းသိရှိရ ပါ၏'' ဟုလျှောက်ထားလေသည်။
ကိုယ်တော်သည်တန်ခိုးကြီးတော်မူ၍ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူပါ၏။ ကိုယ်တော်သာလျှင်ဘုရားဖြစ်တော်မူပါ၏။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်ကဲ့သို့သောဘုရားမရှိပါ။ ကိုယ်တော်ရှင်ပြုတော်မူသကဲ့သို့ အဘယ်ဘုရားမျှမပြုခဲ့ပါ။
ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊ `ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့် ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။
ဤသို့သောအမှုမျိုးမြင်ဖူးကြားဖူးသူ တစ်စုံတစ်ယောက်ရှိပါသလော။ တိုင်းနိုင်ငံ တစ်ခုသည်တစ်နေ့ခြင်းတွင်ပေါ်ပေါက်လာ ဖူးပါသလော။ ဇိအုန်မြို့သည်ဣသရေလ နိုင်ငံမပေါ်ထွန်းမီကြာရှည်ဆင်းရဲဒုက္ခ ရောက်ရလိမ့်မည်မဟုတ်။-
``သားယောကျာ်းဖြစ်သည်။ သင်သည်သားယောကျာ်းကိုရရှိပါပြီ'' ဟူသော သတင်းကိုယူဆောင်လာကာ ငါ၏ဖခင်အားဝမ်းမြောက်ဝမ်းသာဖြစ်စေ သူသည် ကျိန်ခြင်းခံရပါစေသော။
မှော်အတတ်၊စုန်းအတတ်တို့၏အကူအညီဖြင့် ဣသရေလအမျိုးသားတို့ကို၊ အဘယ်သူမျှမတိုက်ခိုက်နိုင်။ ဘုရားသခင်သည်ဣသရေလအမျိုးသား တို့အား ကျေးဇူးပြုတော်မူပုံမှာ အံ့သြဘွယ်ဟူ၍ဆိုစမှတ်ပြုကြလိမ့်မည်။
ဤသို့ပြုတော်မူခြင်းမှာကောင်းကင်လောက ကိုအစိုးရသူများနှင့်အာဏာပိုင်များသည် ကိုယ်တော်၏အထူးထူးအပြားပြားသော ဉာဏ်ပညာတော်ကို ယခုအခါ၌အသင်း တော်အားဖြင့်သိလာကြစေရန်ပင်ဖြစ် ပေသည်။-