သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
ကမ္ဘာဦး 21:20 - Common Language Bible ဘုရားသခင်သည်သူငယ်နှင့်အတူရှိတော် မူ၏။ သူငယ်သည်လည်းကြီးထွား၍ပါရန်ဟု ခေါ်သောတောကန္တာရ၌နေထိုင်သဖြင့်ကျင် လည်သောမုဆိုးဖြစ်လာသည်။- Garrad Bible ထို သူ ငယ် နှင့် အ တူ ဘု ရား သ ခင် ရှိ တော် မူ သ ဖြင့် သူ ကြီး ပွား ၍ တော၌ နေ လျက် အ ရွယ် ရောက် သော် လေး သ မား ဖြစ် လေ ၏။ Judson Bible ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင်ရှိတော်မူ၏။ သူသည်ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမားဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သူငယ်နှင့်အတူရှိတော်မူ၏။ သူသည် ကြီးပြင်းလာ၍ တောကန္တာရ၌နေထိုင်ပြီး လေးသမားဖြစ်လာ၏။ |
သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
ဣရှမေလအတွက်သင်၏လိုအင်ဆန္ဒကိုလည်း ငါကြားရပြီ။ ထို့ကြောင့်ငါသည်သူ့ကိုကောင်း ချီးပေး၍ သူ၌သားသမီးများစွာထွန်းကား စေမည်။ သူ၏အဆက်အနွယ်တို့ကိုများပြား စေမည်။ သူသည်မင်းသားတစ်ဆယ့်နှစ်ပါးတို့ ၏ဖခင်ဖြစ်လိမ့်မည်။ သူ၏အဆက်အနွယ်တို့ ကိုလူမျိုးကြီးဖြစ်စေမည်။-
သူငယ်တို့သည်လည်းကြီးပြင်းလာကြ၏။ ဧသောသည်တော၌ကျက်စားသောမုဆိုး ကောင်းဖြစ်လာ၏။ ယာကုပ်မူကားအိမ်တွင် အေးချမ်းစွာနေသောသူဖြစ်၏။-
သင်သည်လေးနှင့်မြားကိုယူ၍တောထဲသို့ သွားပြီးလျှင် ငါ့အတွက်အမဲရှာဖွေခဲ့ပါ။-
ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။
သူငယ်တော်သည်ကြီးပြင်းသန်စွမ်းလာ၏။ ဉာဏ်ပညာတိုးတက်လာ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုခံစားလျက်နေ၏။
ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူ၏ရှေ့၌ပေါ်လာ၍သူ့အား``ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူပြီ'' ဟုဆိုလေသည်။