ကမ္ဘာဦး 2:12 - Common Language Bible (ဤအရပ်တွင်ရွှေစင်ထွက်၏။ အဖိုးထိုက်တန် သောနံ့သာနှင့်ကျောက်မျက်ရတနာလည်း ထွက်၏။-) Garrad Bible ထို ပြည် မှ ထွက် သော ရွှေ သည် ကောင်း လှ ၏။ ပ ယင်း နှင့် မ ဟူ ရာ ကျောက် လည်း ရှိ ၏။ Judson Bible ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကြောင်ဝင်ကျောက်တို့လည်း ထွက်၏။ |
ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့တို့ ကိုရွှေပန်းထည်များ၌ထည့်သွင်းထားရမည်။-
စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်နှင့်နဂါး သွဲ့ကျောက်တို့ကို ရွှေပန်းထည်များ၌ထည့် သွင်းထား၏။-
ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-