ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
ကမ္ဘာဦး 15:2 - Common Language Bible သို့ရာတွင်အာဗြံက``အရှင်ထာဝရဘုရား အကျွန်ုပ်တွင်သားမထွန်းကားသဖြင့် ကိုယ် တော်၏ဆုကိုအဘယ်သို့ခံစားရပါမည်နည်း။ ဒမာသက်မြို့သားဧလျာဇာသည်သာလျှင် အကျွန်ုပ်၏အမွေခံဖြစ်ပါ၏။- Garrad Bible အာ ဗြံ က အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် သား မ ရ ဘဲ လား ရ မည် ဖြစ် ပါ၍ ဒ မာ သက် ဧ လျေ ဇာ သည် အ မွေ စား ဖြစ် ခဲ့ သော် အ ကျွန်ုပ် အား အ ဘယ် ကျေး ဇူး ကို သ နား တော် မူ ပါ မည် နည်း ဟု လျောက် ဆို၏။ Judson Bible အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။ |
ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်အကျွန်ုပ်အားသားမထွန်းကား စေသဖြင့် ကျွန်တစ်ဦးကအကျွန်ုပ်၏အမွေ ကိုခံယူရပါမည်'' ဟုလျှောက်ဆိုလေ၏။
အာဗြဟံ၏ပစ္စည်းဥစ္စာကိုအုပ်ထိန်းရသော ထိုအစေခံသည် မိမိသခင်၏ကုလားအုတ် များထဲမှကုလားအုတ်ဆယ်စီးကိုယူ၍ မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်းရှိ နာခေါ်နေထိုင်ရာမြို့သို့ခရီးထွက်ခဲ့လေသည်။-
သူသည်သူ၏ပစ္စည်းဥစ္စာအားလုံးတို့ကိုအုပ် ထိန်းရသော အသက်အကြီးဆုံးအစေခံကို ခေါ်လျက်``သင်၏လက်ကိုငါ့ပေါင်အောက်မှာ ထား၍သစ္စာဆိုလော့။-
ရေဗက္ကတွင်သားသမီးမထွန်းကားသဖြင့် ဣဇာက် သည်ထာဝရဘုရားထံ၌သားသမီးဆုကို တောင်းလေသည်။ ထာဝရဘုရားသည်သူ၏ ဆုတောင်းသံကိုနားညောင်းတော်မူ၍ရေဗက္က ၌ပဋိသန္ဓေစွဲလေ၏။-
ဤအိမ်တွင်သခင်၏သြဇာညောင်းရသကဲ့သို့ ကျွန်တော်၏သြဇာလည်းညောင်းရပါသည်။ သခင်သည်သခင်မမှလွဲလျှင်ကျွန်တော်၏ လက်သို့မအပ်သောအရာဟူ၍မရှိပါ။ သို့ ဖြစ်၍ကျွန်တော်သည်အဘယ်သို့လျှင် ဤမျှ ဆိုးယုတ်သောအမှုကိုပြု၍ဘုရားသခင် ကိုပြစ်မှားနိုင်ပါမည်နည်း'' ဟုပြောလေ၏။-
သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
ယောသပ်သည်အိမ်တော်ဝန်အား``ထိုသူတို့ ၏အိတ်များတွင်ရိက္ခာစပါးကိုသူတို့သယ်နိုင် သမျှဖြည့်ပေးလော့။ တစ်ယောက်စီ၏အိတ်ဝ ၌လည်းသူ၏စပါးဖိုးငွေကိုထည့်ပေးလော့။-
သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
ဤဗျာဒိတ်တော်သည်ဒမာသက်မြို့နှင့် သက်ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားက``ဒမာသက်မြို့သည်မြို့ အဖြစ်နှင့်ရပ်တည်နေတော့မည်မဟုတ်။ ယို ယွင်းပျက်စီးနေသည့်အဆောက်အဦးစု သာလျှင်ဖြစ်ပေတော့အံ့။-
ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
ထိုအခါကကိုယ်တော်သည်အာဗြဟံ အား ထိုပြည်တွင်ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ကိုမျှပေးတော်မမူ။ မြေတစ်ပေပတ်လည် ကိုပင်ပေးတော်မမူ။ သို့ရာတွင်ထိုပြည်ကို သူ့အားလည်းကောင်း၊ သူ့နောက်တွင်သူ၏ သားမြေးများအားလည်းကောင်း အပိုင်ပေး တော်မူမည်ဟူ၍ကတိပြုတော်မူ၏။ ထို သို့ကတိပြုစဉ်အခါ၌အာဗြဟံတွင် သားသမီးမရှိသေးချေ။-
အလုပ်သမားခေါင်းဆောင်က``ထိုသူငယ်မ သည် မောဘပြည်မှနောမိနှင့်အတူလိုက်လာ သည့်မောဘအမျိုးသမီးဖြစ်ပါသည်။-
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။