ထို့ကြောင့်သင်နှင့်ငါခွဲခွာကြပါစို့။ သင့်ရှေ့မှောက်တွင်မြေတစ်ပြင်လုံးရှိ၏။ သင်ကြိုက်နှစ်သက်ရာကိုရွေးယူလော့။ သင်ကတစ်ဘက်သို့သွားလျှင်ငါကတခြားတစ်ဘက်သို့သွားမည်'' ဟုပြောလေ၏။
သင့် ရှေ့ တွင် မြေ တစ် ပြင် လုံး ရှိ သည် မ ဟုတ် လော။ ငါ နှင့် ခွဲ ခွာ လော့။ လက်၀ဲ ဘက် သို့ သင် သွား လျှင် လက်ျာ ဘက် သို့ ငါ သွား မည်။ လက်ျာ ဘက် သို့ သင် သွား လျှင် လက်၀ဲ ဘက် သို့ ငါ သွား မည် ဟု လော တ အား ဆို သော်၊
မြေတစ်ပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော့။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည်လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည်ဟု ဆို၏။
မြေတစ်ပြင်လုံးသည် သင့်ရှေ့၌ရှိသည်မဟုတ်လော။ ယခု ငါနှင့်ခွဲ၍နေပါ။ သင်သည် လက်ဝဲဘက်သို့သွားလျှင် ငါသည် လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင် ငါသည် လက်ဝဲဘက်သို့သွားမည်”ဟု ဆို၏။
ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-)
ထိုအခါအာဗြံကလောတအား``ငါတို့သည်ဆွေမျိုးသားချင်းများဖြစ်ကြ၍ သင့်လူစုနှင့်ငါ့လူစုတို့သည်ခိုက်ရန်ဖြစ်ပွားနေရန်မသင့်ချေ။-
အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
သင်တို့ဤပြည်၌ငါတို့နှင့်အတူနေထိုင်ကြ ပါ။ ကြိုက်နှစ်သက်ရာအရပ်ကိုရွေး၍နေကြ ပါ။ လွတ်လပ်စွာရောင်းဝယ်ဖောက်ကားကြပါ။ ပစ္စည်းဥစ္စာကိုလည်းပိုင်ဆိုင်ကြပါ'' ဟုဆို လေ၏။
ငါသည်ငြိမ်းချမ်းရေးအကြောင်းပြောဆို သောအခါ သူတို့ကစစ်တိုက်ရန်ပြောဆိုကြ၏။
ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။
လူတိုင်းနှင့်တတ်နိုင်သမျှငြိမ်းချမ်းစွာနေ ထိုင်ကြလော့။-
ဤသို့အချင်းချင်းတရားစွဲဆိုခြင်းသည် သင် တို့၏အတွက်ဆုံးရှုံးမှုဖြစ်စေ၏။ တရားစွဲဆို မည့်အစား မတရားပြုခြင်းကိုခံသည်ကပို ၍မကောင်းပါလော။ လုယက်ခြင်းခံရသည် ကပို၍မကောင်းပါလော။-
လူတိုင်းနှင့်ငြိမ်းချမ်းစွာနေနိုင်ရန်ကြိုးစား ကြလော့။ မြင့်မြတ်သန့်ရှင်းခြင်းပါရမီကို ရှာကြလော့။ ထိုပါရမီမရှိလျှင်အဘယ် သူမျှဘုရားသခင်ကိုဖူးမြင်ရလိမ့်မည် မဟုတ်။-