ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-
ကမ္ဘာဦး 11:7 - Common Language Bible ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။- Garrad Bible လာ ကြ၊ ဆင်း သက် ကြ ကုန် အံ့။ အ ချင်း ချင်း နား မ လည် စေ ခြင်း ငှါ ၎င်း တို့ ဘာ သာ စ ကား ကို ထို အ ရပ် တွင် ပင် ကွဲ ပြား ရှုပ် ထွေး စေ အံ့ ဟု မိန့် တော် မူ ၏။ Judson Bible လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှာ၊ သူတို့စကားကိုရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။ |
ထိုနောက်ဘုရားသခင်က``ငါတို့သည် ငါတို့ ၏ပုံသဏ္ဌာန်နှင့်တူသောလူသတ္တဝါတို့ကို ဖန်ဆင်းကြကုန်အံ့။ သူတို့အားရေသတ္တဝါ၊ ငှက်သတ္တဝါနှင့်တိရစ္ဆာန်အယဉ်အရိုင်းအကြီး အငယ်တို့ကိုအစိုးရစေမည်'' ဟုမိန့်တော် မူ၏။-
ဤလူမျိုးတို့သည်ကားအပြည်ပြည်တို့၌နေ ထိုင်၍ လူမျိုးစုအလိုက်သီးခြားဘာသာ စကားများကိုပြောဆိုကြသောဟာမ၏ အဆက်အနွယ်များဖြစ်ကြ၏။
ဤလူမျိုးအားလုံးတို့သည်သူတို့၏အဆက် အနွယ်နှင့် လူမျိုးအသီးသီးအလိုက်ဖော်ပြ ထားသောနောဧ၏သားစဉ်မြေးဆက်တို့ဖြစ် သတည်း။ ရေလွှမ်းမိုးပြီးနောက်ကမ္ဘာမြေကြီး ပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် နောဧ ၏သားများမှဆင်းသက်လာသောအဆက် အနွယ်များပင်ဖြစ်ကြ၏။
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊-
ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်ငါတို့ကဲ့သို့ဖြစ်လာ၍ အကောင်းနှင့်အ ဆိုးကိုသိမြင်လာလေပြီ။ အမြဲအသက် ရှင်စေသောအပင်မှအသီးကိုဆွတ်စား၍ အမြဲအသက်ရှင်ခွင့်မပြုရ'' ဟုမိန့်တော် မူ၏။-
သူတို့အချင်းချင်းပြောဆိုသမျှကိုယောသပ် နားလည်၏။ ယောသပ်သည်သူတို့နှင့်ပြောဆိုရာ တွင်စကားပြန်ကိုအသုံးပြုသောကြောင့် သူ တို့အချင်းချင်းပြောဆိုသမျှကိုသူနား လည်မည်မဟုတ်ဟုသူတို့ထင်မှတ်ကြ၏။
ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
ထာဝရဘုရားသည်လူမျိုးတကာတို့၏ ရည်မှန်းချက်များကိုပျက်ပြားစေတော်မူ၏။ သူတို့၏အကြံအစည်များကိုလည်း အထမမြောက်စေရန်ဆီးတားတော်မူ၏။
အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
သင်တို့သည်မိမိနားမလည်နိုင်သည့်ဘာသာ စကားကိုပြောဆိုသူ၊ မောက်မာထောင်လွှား သည့်လူမျိုးခြားတို့ကို တွေ့မြင်ရကြတော့ မည်မဟုတ်။-
ထိုနောက်ထာဝရဘုရားက``ငါသည်အဘယ်သူကိုစေလွှတ်ရပါမည်နည်း'' ဟုမေးတော်မူ၏။ ငါကလည်း``ကျွန်တော်မျိုးသွားပါမည်။ ကျွန်တော်မျိုးအားစေလွှတ်တော်မူပါ'' ဟုပြန်လည်လျှောက်ထား၏။
ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
သို့ဖြစ်၍အသင်းတော်ဝင်အပေါင်းတို့သည်စု ဝေးလျက်ထူးဆန်းသောဘာသာစကားအမျိုးမျိုး ဖြင့်ပြောဆိုနေစဉ် သာမန်လူအချို့သို့မဟုတ်မ ယုံကြည်သူအချို့ရောက်ရှိလာခဲ့သော်သင်တို့ အားရူးသွပ်သူများဟုဆိုမည်မဟုတ်လော။-
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-