ကမ္ဘာဦး 10:25 - Common Language Bible ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ သားတစ်ယောက် ကိုဖာလက်ဟုနာမည်မှည့်၏။ ထိုသား၏လက်ထက် တွင်ကမ္ဘာလောက၌နေထိုင်ကြသောလူတို့သည် ကွဲပြားသွားခြင်းကြောင့်ထိုနာမည်ကိုပေးခြင်း ဖြစ်၏။ အခြားသောသားကိုယုတ္တန်ဟုနာမည် မှည့်ခေါ်၏။- Garrad Bible ဟေ ဗာ သည် သား နှစ် ယောက် တို့ ကို ရ သည့် အ နက် တစ်ယောက် မှာ ၎င်း လက် ထက် မြေ ခွဲ၀ေ ယူ ကြ သည် ကို အ စွဲ ပြု၍ ဖာ လက် အ မည် မှည့်၏။ သူ့ ညီ မှာ၊ ယု တ္တန် အ မည် ရှိ ၏။ Judson Bible ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတစ်ယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကိုခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန်အမည်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဧဗာသည် သားနှစ်ယောက်ရ၏။ သားတစ်ယောက်၏အမည်မှာ ဖာလက် ဖြစ်၏။ အကြောင်းမူကား သူ့ခေတ်ကာလ၌ မြေကြီးသည် ပိုင်းခြားခြင်းခံရ၏။ သူ့ညီ၏အမည်မှာ ယုတ္တန် ဖြစ်၏။ |
ယုတ္တန်မှဆင်းသက်သောအဆက်အနွယ်တို့ သည်ကားအာလမောဒဒ်လူမျိုး၊ ရှေလပ်လူ မျိုး၊ ဟာဇာမာဝက်လူမျိုး၊ ယေရလူမျိုး၊-
ဤလူမျိုးအားလုံးတို့သည်သူတို့၏အဆက် အနွယ်နှင့် လူမျိုးအသီးသီးအလိုက်ဖော်ပြ ထားသောနောဧ၏သားစဉ်မြေးဆက်တို့ဖြစ် သတည်း။ ရေလွှမ်းမိုးပြီးနောက်ကမ္ဘာမြေကြီး ပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် နောဧ ၏သားများမှဆင်းသက်လာသောအဆက် အနွယ်များပင်ဖြစ်ကြ၏။
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။
ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ တစ်ယောက်သည် ဖာလက်ဟုနာမည်တွင်၏။ အဘယ်ကြောင့်ဆို သော်သူ၏လက်ထက်တွင် ကမ္ဘာပေါ်ရှိလူတို့ သည်ကွဲသွားကြသောကြောင့်ဖြစ်၏။ အခြား သားတစ်ယောက်သည်ယုတ္တန်ဟုနာမည်တွင်၏။-
ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
အမြင့်မြတ်ဆုံးသောဘုရားသည်တိုင်းနိုင်ငံတို့၏ နယ်နိမိတ်များကိုလည်းကောင်း၊ လူမျိုးအသီးသီးတို့နေထိုင်ရာပြည်များ ကိုလည်းကောင်း သတ်မှတ်ပေးတော်မူသောအခါ၊ နိုင်ငံအသီးသီးတို့အတွက်နတ်ဘုရား များကို သတ်မှတ်ပေးတော်မူ၏။