ကမ္ဘာဦး 1:5 - Common Language Bible အလင်းကို ``နေ့'' ဟူ၍လည်းကောင်း၊ အမှောင် ကို ``ညဥ့်'' ဟူ၍လည်းကောင်းခေါ်တွင်စေတော် မူ၏။ ညဦးမှနံနက်အထိပထမနေ့ရက် ဖြစ်လေ၏။ Garrad Bible အ လင်း ကို နေ့ ဟူ ၍ လည်းကောင်း၊ မှောင် မိုက် ကို ညဉ့် ဟူ ၍ လည်း ကောင်း ဘု ရား သ ခင် သ မုတ် တော် မူ၏။ တစ် ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ ၏။ Judson Bible အလင်းကို နေ့ဟူသောအမည်ဖြင့်လည်းကောင်း၊ မှောင်မိုက်ကို ညဟူသောအမည်ဖြင့်လည်းကောင်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဉ့်ဦးနှင့် နံနက်သည် ပထမနေ့ရက်ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။ |
ဘုရားသခင်သည်ဖန်ဆင်းတော်မူခဲ့သမျှ တို့ကိုရှုမြင်၍ အလွန်နှစ်သက်တော်မူ၏။ ညဦးမှနံနက်အထိဆဋ္ဌမနေ့ရက် ဖြစ်လေ၏။
မိုးမျက်နှာကြက်ကို``မိုးကောင်းကင်'' ဟုခေါ် တွင်စေတော်မူ၏။ ညဦးမှနံနက်အထိဒုတိယ နေ့ရက်ဖြစ်လေ၏။
ကမ္ဘာတည်သမျှစိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်ရှိစေမည်။ အအေးနှင့် အပူ၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့ညမပြတ် ရှိစေမည်'' ဟုစိတ်ပြဋ္ဌာန်းတော်မူ၏။
ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
ဤအကြောင်းကိုတစ်နေ့ကိုတစ်နေ့၊တစ်ညကိုတစ်ည လက်ဆင့်ကမ်းကြေညာကြပေသည်။
ကိုယ်တော်ရှင်ပြတော်မူသော နိမိတ်လက္ခဏာများကြောင့်ကမ္ဘာမြေတစ်ဝန်းလုံးရှိ လူတို့သည်ကြောက်လန့်ကြပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသည့်အမှုအရာများကြောင့် ကမ္ဘာမြေကြီးတစ်စွန်းမှတစ်စွန်းသို့တိုင်အောင် ရွှင်လန်းဝမ်းမြောက်သည့်ကြွေးကြော်သံများ ထွက်ပေါ်လာပါ၏။
ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
ဣသရေလအမျိုးသားအပေါင်းတို့သည် အာရုန်အနိစ္စရောက်ကြောင်းကြားသိရသော အခါ ရက်ပေါင်းသုံးဆယ်ပတ်လုံးဝမ်းနည်း ပူဆွေးကြလေသည်။
ထိုသူတစ်ယောက်စီ၏တည်ဆောက်မှုအရည် အသွေးသည် ခရစ်တော်ကြွလာတော်မူရာနေ့ ၌သိသာထင်ရှားလိမ့်မည်။ ထိုနေ့၌မီးလျှံ သည်လူတိုင်း၏အလုပ်ကိုထင်ပေါ်စေလိမ့်မည်။ ထိုမီးသည်လူအသီးသီးတို့၏အလုပ် အရည်အသွေးကိုစစ်ဆေးပေးလိမ့်မည်။-
အလင်းသို့ဖော်ထုတ်ခြင်းခံရသည့်အရာဟူ သမျှသည် မိမိတို့၏ပင်ကိုသဘောပေါ်၍ လာလေသည်။-
သင်တို့အားလုံးပင်အလင်းတွင်လည်းကောင်း၊ နေ့ တွင်လည်းကောင်းကျင်လည်သူများဖြစ်ကြ၏။ ငါ တို့သည်ညဥ့်တွင်လည်းကောင်းမှောင်မိုက်တွင်လည်း ကောင်းကျင်လည်သူများမဟုတ်။-