တောင်းသောသူတို့သည် ရကြ၏။ ရှာသောသူတို့သည် တွေ့ကြ၏။ ခေါက်သောသူတို့အတွက်လည်း တံခါးကိုဖွင့်ပေး၏။
၃ ယော 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာကို ကျွန်ုပ်သည် အသင်းတော်ထံသို့ စာရေးခဲ့သော်လည်း ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ကျွန်ုပ်တို့ကို လက်မခံခဲ့ပေ။ Common Language Bible ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။- Garrad Bible အ သင်း တော့် ထံ အ နည်း ငယ် ငါ ရေး လိုက် ရာ အ ကြီး အ မှူး ဖြစ် လို သူ ဒ ယော တ ရပ် သည် ငါ တို့ ကို အ ရေး မ ယူ။ Judson Bible အသင်းတော်ထံသို့ မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အား အခွင့်မပေး။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် အသင်းတော်ထံသို့ စာအနည်းငယ်ရေးခဲ့သော်လည်း သူတို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ငါတို့ကိုလက်မခံ။ |
တောင်းသောသူတို့သည် ရကြ၏။ ရှာသောသူတို့သည် တွေ့ကြ၏။ ခေါက်သောသူတို့အတွက်လည်း တံခါးကိုဖွင့်ပေး၏။
သို့သော် တပည့်တော်တို့သည် တိတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က မိမိတို့အနက် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု လမ်းတွင် ငြင်းခုံဆွေးနွေးနေခဲ့သောကြောင့်ဖြစ်၏။
“ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုသာမက ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကိုလည်း လက်ခံ၏” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်တို့အား “ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
တစ်ဦးကို တစ်ဦး ညီအစ်ကိုမောင်နှမမေတ္တာဖြင့် ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ဦးစားပေး၍ ချီးမြှောက်ကြလော့။
ကိုယ်တော်သည် အသင်းတော်ဟူသော မိမိကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍ ကိုယ်ခန္ဓာ၏ မူလအရင်းအမြစ် ဖြစ်တော်မူ၏။ သေရာမှ အဦးဆုံး ရှင်ပြန်ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် အရာအားလုံးတွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။
ခရစ်တော်၏ သွန်သင်ချက်အတိုင်း မရပ်တည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းမဟုတ်ပေ။ သွန်သင်ချက်အတိုင်း ရပ်တည်သောသူသည် ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးနှင့် တပေါင်းတစည်းတည်းဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာတရားအတွက် ထိုသူတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်ရန် ထိုသို့သောသူများကို ကူညီထောက်ပံ့သင့်၏။