ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
၂ ကော 7:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။ Common Language Bible သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။- Garrad Bible နိမ့် ကျ သူ တို့ ကို နှစ် သိမ့် စေ သော ဘု ရား သ ခင် သည် တိ တု ရောက် လာ ခြင်း အား ဖြင့် ငါ တို့ ကို နှစ် သိမ့် စေ တော် မူ သည် သာ မ က၊ Judson Bible သို့သော်လည်း နှိမ့်ချလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတုရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် အားငယ်သောသူတို့ကိုနှစ်သိမ့်တော်မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။ |
ငိုကြွေးမြည်တမ်းသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် နှစ်သိမ့်ခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
ငါသည် ခမည်းတော်ထံ တောင်းလျှောက်သဖြင့် ခမည်းတော်သည် သင်တို့အား ကူညီမစမည့် အခြားအရှင်တစ်ပါးကို စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိလိမ့်မည်။
သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ အလိုတော်နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်းရှိသော စိတ်သဘောထားကို သင်တို့အား ပေးသနားတော်မူပါစေ။
ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့အားရကြ၏။ ကျွန်ုပ်တို့ရရှိသော ခွန်အားအပြင် တိတုသည် သင်တို့အားဖြင့် ဝမ်းမြောက်ရသည်ဖြစ်၍ သူ၏ စိတ်နှလုံးရွှင်လန်းခြင်းကြောင့် ကျွန်ုပ်တို့သည် ပို၍ ဝမ်းမြောက်ကြ၏။
ကျွန်ုပ်သည် သင်တို့အကြောင်းကို တိတုအား ကြွားဝါခဲ့သော်လည်း သင်တို့သည် ကျွန်ုပ်ကို အရှက်မရစေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့အား ကျွန်ုပ်ပြောခဲ့သော အရာအားလုံးသည် မှန်နေသကဲ့သို့ တိတုကို ကျွန်ုပ်တို့ကြွားဝါခဲ့သော သင်တို့အကြောင်းသည်လည်း မှန်နေသောကြောင့်ဖြစ်၏။
တိတုရောက်လာသည့်အတွက်ကြောင့်သာမက သင်တို့ထံမှ နှစ်သိမ့်အားပေးမှုကို တိတုခံစားရကြောင်းကို ကြားရသည့်အတွက်ကြောင့်လည်း ကျွန်ုပ်တို့သည် အားရကြ၏။ တိတုက သင်တို့သည် ကျွန်ုပ်ကို အလွန်တွေ့လိုကြောင်း၊ အလွန်ဝမ်းနည်းကြောင်း၊ ကျွန်ုပ်အတွက် စိတ်အားထက်သန်ကြောင်းစသည်တို့ကို ပြောပြသောကြောင့် ကျွန်ုပ်သည် ပို၍ပင် ဝမ်းမြောက်ရ၏။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် စိတ်ခွန်အားရရှိကြ၏။ ချစ်ခြင်းမေတ္တာတော်ဖြင့် နှစ်သိမ့်ခံရကြ၏။ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခွင့်ရကြ၏။ ခရစ်တော်၏ အကြင်နာနှင့် ကရုဏာတို့ကို ခံစားကြရ၏။ သို့ဖြစ်၍
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။