ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
၁ ယော 1:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဘုရားသခင်သည် အလင်းဖြစ်တော်မူပြီး ကိုယ်တော်၌ အမှောင်လုံးဝမရှိ” ဟူသော တရားစကားသည် ယေရှုထံမှ ကျွန်ုပ်တို့ကြားရပြီး သင်တို့အား ကြေညာသောတရားစကားဖြစ်၏။ Common Language Bible ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ကိုယ်တော်၌အမှောင်လုံးဝမရှိဟူသော တရားစကားကို ငါတို့သည်ကိုယ်တော်၏ သားတော်ထံမှကြားသိရသဖြင့်သင်တို့ အားကြေညာ၏။- Garrad Bible ကိုယ် တော့် ထံ မှ ငါ တို့ နာ ယူ၍ သင် တို့ အား ပြန် ကြား ရ သော ဗျာ ဒိတ် တော် မှာ ဘု ရား သ ခင် သည် အ လင်း ဖြစ် လျက် ကိုယ် တော်၌ မှောင် မိုက် အ လျှင်း မ ရှိ ကြောင်း တည်း။ Judson Bible ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။- မြန်မာ့စံမီသမ္မာကျမ်း “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟူသော ဤသတင်းစကားသည် ကိုယ်တော်ထံမှ ငါတို့ကြားရ၍ သင်တို့အား ပြောကြားသောသတင်းစကားဖြစ်၏။ |
ဂျူးခေါင်းဆောင်တို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိမျိုးနွယ်များကို ဂျေရုဆလင်မြို့မှ ယောဟန်ထံသို့ စေလွှတ်၍ “သင်သည် မည်သူနည်း” ဟု မေးမြန်းစေ၏။ ထိုအခါ ယောဟန်က ဤသို့ သက်သေခံ၏။
ထိုနှုတ်ကပတ်တော်သည် ရှိသမျှသောဖန်ဆင်းခံတို့အား အသက်ကို ပေးတော်မူ၏။ ထိုအသက်သည် လူအပေါင်းတို့အတွက် အလင်းဖြစ်၏။
စစ်မှန်သောအလင်းရှင်မှာမူ ဤကမ္ဘာလောကသို့ ကြွလာ၍ လူအပေါင်းတို့ကို အလင်းပေးတော်မူသောအရှင်ဖြစ်၏။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်သည် သခင်ဘုရားထံတော်မှ ခံယူရရှိသောအရာကို သင်တို့အား လက်ဆင့်ကမ်း၏။ ထိုအရာမှာ သခင်ယေရှုသည် သစ္စာဖောက်ခံရသောညတွင် မုန့်ကို ယူ၍
ဘုရားသခင်တစ်ပါးတည်းသာလျှင် သေခြင်းနှင့်ကင်းတော်မူ၍ ကိုယ်တော်သည် မည်သူမျှ မချဉ်းကပ်နိုင်သည့် အလင်း၌ ကိန်းဝပ်တော်မူ၏။ ကိုယ်တော်ကို မည်သူမျှ မမြင်ဖူးသကဲ့သို့ မြင်လည်း မမြင်နိုင်။ ကိုယ်တော်၌ ဂုဏ်အသရေနှင့် ထာဝရဘုန်းတန်ခိုး ရှိတော်မူပါစေသော။ အာမင်။
ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။
“ကျွန်ုပ်တို့အချင်းချင်း ချစ်ကြရမည်” ဟူသော ဤတရားစကားသည် အစဦးကပင် သင်တို့ ကြားခဲ့ရသောအရာ ဖြစ်၏။
ဘုရားသခင်၏ဘုန်းအသရေတော်သည် အလင်းပေးတော်မူ၍ သိုးသငယ်တော်သည် ထိုမြို့၏ ဆီမီးသဖွယ် ဖြစ်သောကြောင့် မြို့သည် နေနှင့်လတို့၏အလင်းကို မလိုအပ်ပေ။
ညဟူ၍ ရှိတော့မည်မဟုတ်။ ဘုရားသခင်သည် အလင်းကို ပေးတော်မူမည်ဖြစ်၍ သူတို့သည် ဆီမီး၏အလင်းနှင့် နေ၏အလင်းကို လိုအပ်တော့မည်မဟုတ်။ သူတို့သည် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်။