သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ အဖိုးတန်အဝတ်အထည်ကို ဝတ်ဆင်သူတို့သည် နန်းတော်များ၌သာ နေကြ၏။
၁ တိ 2:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ အမျိုးသမီးတို့သည်လည်း ကျစ်ဆံမြီးမကျစ်ဘဲ၊ ရွှေ၊ ပုလဲ စသည့်လက်ဝတ်ရတနာ၊ သို့မဟုတ် တန်ဖိုးကြီး အဝတ်အစားတို့ကို မဆင်မြန်းဘဲ ဣန္ဒြေ သိက္ခာဖြင့် သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ရန် ကျွန်ုပ်အလိုရှိ၏။ Common Language Bible အမျိုးသမီးတို့အားလည်းလျောက်ပတ် တင့်တယ်စွာဝတ်စားဆင်ယင်ကြစေလို၏။ ဆံပင်ကိုအလှထုံးခြင်း၊ ရွှေ၊ ပုလဲသို့ မဟုတ်အဖိုးထိုက်သည့်အဝတ်တန်ဆာ များကိုဝတ်ဆင်ခြင်းတို့ကိုမပြုသင့်ကြ။- Garrad Bible ထို နည်း တူ မိန်း မ တို့ သည် ဆံ စု၊ ရွှေ၊ ပု လဲ၊ အ ဘိုး ထိုက် တန် ဆာ များ ကို မ ဟုတ်။ တင့် တယ် ရုံ အ ဝတ် များ ကိုလည်း ကောင်း၊ ရှက် ကြောက် ခြင်း၊ ဣ န္ဒြေ စောင့် ခြင်း များ ကိုလည်း ကောင်း၊ ဝတ် ဆင် လျက်၊ Judson Bible ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်လည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ အမျိုးသမီးတို့သည်လည်း သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်လျက် ဣန္ဒြေစောင့်ခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဖြင့် မိမိတို့ကိုယ်ကိုဆင်ယင်ကြ၍ ကျစ်သောဆံပင်နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီးသောအဝတ်အစားစသည်တို့ဖြင့် မဟုတ်ဘဲ |
သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ အဖိုးတန်အဝတ်အထည်ကို ဝတ်ဆင်သူတို့သည် နန်းတော်များ၌သာ နေကြ၏။
ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်သည်ဟု ဝန်ခံပြောဆိုသော အမျိုးသမီးများ ပြုမူသင့်သည့်အတိုင်း ကောင်းမှုများ ပြုကြရမည်။