၁ ကော 4:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကျွန်ုပ်ကို အတုယူကြရန် တိုက်တွန်းနှိုးဆော်၏။ Common Language Bible ထို့ကြောင့်ငါ၏စံနမူနာကိုလိုက်ကြရန်ငါ မေတ္တာရပ်ခံပါ၏။- Garrad Bible သို့ ဖြစ်၍ ငါ့ ပုံ စံ ကို လိုက် စေ ခြင်း ငှာ သင် တို့ ကို နှိုး ဆော် ပါ၏။ Judson Bible သို့ဖြစ်၍၊ ငါကျင့်သည်နည်းတူ သင်တို့သည် ကျင့်ကြမည်အကြောင်း ငါနှိုးဆော် တောင်းပန်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါ့ကိုအတုယူသူများဖြစ်ကြရန် သင်တို့ကို ငါတိုက်တွန်းနှိုးဆော်၏။ |
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ကို အတုယူရာတွင် အချင်းချင်း ပူးပေါင်းပါဝင်ကြလော့။ ကျွန်ုပ်တို့ပြသော စံနမူနာအတိုင်း ပြုမူနေထိုင်ကြသောသူတို့ကို ကြည့်ရှုလေ့လာကြလော့။
ကျွန်ုပ်ထံမှ သင်တို့ သင်ယူ၍ ကြားနာသိမြင်ခဲ့သောအရာတို့ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
သင်တို့သည် သခင်ဘုရားနှင့် ကျွန်ုပ်တို့ကို အတုယူသူများဖြစ်ကြ၏။ သင်တို့သည် ပြင်းထန်သော ဆင်းရဲဒုက္ခကြုံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်ပေးသည့် ဝမ်းမြောက်ခြင်းဖြင့် သတင်းကောင်းကို လက်ခံခဲ့ကြ၏။
ထိုသို့ လုပ်ရခြင်းသည် ကျွန်ုပ်တို့တွင် သင်တို့ထံက အကူအညီကို ရပိုင်ခွင့်မရှိသောကြောင့် မဟုတ်။ ကျွန်ုပ်တို့ထံက သင်တို့ယူစရာ စံနမူနာ ရှိစေလိုသောကြောင့် ဖြစ်၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။
ထိုသို့ သင်တို့အား အပ်ထားသောသူတို့ကို အုပ်ထိန်းရာတွင် အုပ်စိုးခြယ်လှယ်မှုမပြုဘဲ သိုးစုကဲ့သို့သော လူတို့အတွက် စံနမူနာဖြစ်စေကြလော့။