ငါသည် စပျစ်ပင်ဖြစ်၍ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌ တည်၍ ငါသည်လည်း ထိုသူ၌ တည်လျှင် ထိုသူသည် အသီးများစွာ သီးလိမ့်မည်။ ငါနှင့် ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။
၁ ကော 3:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် အဓိကမဟုတ်ပေ။ အပင်ကို ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် အဓိကဖြစ်၏။ Common Language Bible မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူသည် အဋ္ဌိကမဟုတ်။ အပင်ပေါက်စေတော်မူ သောသူတည်းဟူသောဘုရားသခင်သာ လျှင်အဋ္ဌိကဖြစ်တော်မူ၏။- Garrad Bible သို့ ဖြစ်၍ စိုက် ပျိုး သူ၊ ရေ လောင်း သူ၊ ပ ဓာ န မ ဟုတ်။ ကြီး ပွား စေ တော် မူ သော ဘု ရား သ ခင် သာ ပ ဓာ န ဖြစ်၏။ Judson Bible စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် စိုက်ပျိုးသောသူဖြစ်စေ၊ ရေလောင်းသောသူဖြစ်စေ ပဓာနမဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် ပဓာနဖြစ်တော်မူ၏။ |
ငါသည် စပျစ်ပင်ဖြစ်၍ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌ တည်၍ ငါသည်လည်း ထိုသူ၌ တည်လျှင် ထိုသူသည် အသီးများစွာ သီးလိမ့်မည်။ ငါနှင့် ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
ကျွန်ုပ်သည် မျိုးစေ့စိုက်၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ထိုအပင်ကို ကြီးထွားစေတော်မူသော အရှင်မှာ ဘုရားသခင်ပင် ဖြစ်ပေ၏။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ ဆုလာဘ်ကို ရရှိကြလိမ့်မည်။
သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
တစ်စုံတစ်ယောက်သည် အရေးပါသူမဟုတ်ပါလျက်နှင့် မိမိကိုယ်ကိုယ်အရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုယ် လှည့်စားသောသူ ဖြစ်၏။