သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
၁ ကော 3:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးလျှင် ဘုရားသခင်သည် ထိုသူကို ဖျက်ဆီးတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြသောကြောင့် ဖြစ်၏။ Common Language Bible သို့ဖြစ်၍ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူကို ဘုရားသခင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်၏ဗိမာန်တော်သည်သန့်ရှင်းမြင့်မြတ် တော်မူ၍ သင်တို့ကိုယ်တိုင်ပင်လျှင်ကိုယ်တော် ၏ဗိမာန်တော်ဖြစ်သောကြောင့်တည်း။ Garrad Bible မည် သူ မ ဆို ဘု ရား သ ခင်၏ ဗိ မာန် တော် ကို ဖျက် ဆီး လျှင် ထို သူ့ ကို ဘု ရား သ ခင့် ဖျက် ဆီး တော် မူ လိမ့် မည်။ ဘု ရား သ ခင်၏ ဗိ မာန် တော် ဖြစ် သော သင် တို့ ကား သီး သန့် ထား တော် မူ သော အ ရာ ပေ တည်း။ Judson Bible အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် သူ့ကိုဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြ၏။ |
သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်ကိုလည်းကောင်း မသိကြသလော။
မိမိကိုယ်မိမိ မလှည့်ဖြားကြနှင့်။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က လောကီစံနှုန်းများအရ မိမိကိုယ်ကိုယ် ပညာရှိသည်ဟု ထင်မှတ်လျှင် ထိုသူသည် ပညာရှင် ဖြစ်လာရန်အတွက် မိုက်မဲသောသူဖြစ်သင့်၏။