ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
၁ ကော 2:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သော ယေရှုခရစ်တော်၏အကြောင်းမှလွဲ၍ အခြားမည့်သည့်အရာကိုမျှ မသိသကဲ့သို့နေရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ Common Language Bible သင်တို့နှင့်အတူရှိစဉ်အခါကငါသည် ယေရှုခရစ်၏အကြောင်း၊ အထူးသဖြင့်လက် ဝါးကပ်တိုင်တွင်ကိုယ်တော်အသေခံတော်မူ သည့်အကြောင်းမှလွဲ၍ အခြားအရာမှန် သမျှကိုမေ့ပျောက်ပစ်ရန်စိတ်ပိုင်းဖြတ် ထား၏။- Garrad Bible ယေ ရှု ခ ရစ် သာ မ က ကား တင် ခံ တော် မူ ပြီး သော ယေ ရှု ခ ရစ် အ ကြောင်း ပြင် မည် သည် ကို မျှ မ သိ မ မှတ် ဘဲ၊ သင် တို့ ဘောင် တွင် နေ မည် ဟု စိတ် ပြ ဌာန်း သည် နှင့် အ ညီ၊ Judson Bible အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတစ်ပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ်ပြဋ္ဌာန်းခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် သင်တို့တွင် ယေရှုခရစ်တော်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသည့် ထိုသခင်၏အကြောင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မသိမမှတ်ရန် ဆုံးဖြတ်ထား၏။ |
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်၌ ယေရှုခရစ်တော်အသေခံတော်မူခဲ့ရပုံကို သင်တို့၏ မျက်စိဖြင့် မြင်ခဲ့ရသကဲ့သို့ပင် ကျွန်ုပ်ရှင်းလင်းစွာ ဖော်ပြခဲ့ပါလျက် မည်သူသည် သင်တို့ကို ပြုစားလိုက်သနည်း။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။