တပည့်တော် ခုနစ်ဆယ့်နှစ်ဦးတို့သည် ဝမ်းမြောက်စွာ ပြန်လာ၍ “သခင်… ကိုယ်တော်၏အမည်နာမကြောင့် နတ်ဆိုးတို့သည် အကျွန်ုပ်တို့ကို နာခံကြပါ၏” ဟု ပြန်၍ လျှောက်ကြ၏။
ဧဖက် 5:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အသင်းတော်သည် ခရစ်တော်ကို နာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ မိမိခင်ပွန်းသည်ကို နာခံကြရမည်။ Common Language Bible သို့ဖြစ်၍အသင်းတော်သည်ခရစ်တော်၏အုပ်စိုး ခြင်းကိုခံယူသကဲ့သို့ မယားတို့သည်လည်းလင် တို့၏အုပ်စိုးခြင်းကိုအကြွင်းမဲ့ခံယူရကြမည်။ Garrad Bible ခ ရစ် တော့် အောက် အ နော် အ တာ ကို အ သင်း တော် ခံ သ ကဲ့ သို့ မ ယား လည်း အ ရာ ရာ တွင် လင့် အောက် အ နော် အ တာ ခံ ရ၏။ Judson Bible အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း အသင်းတော်သည် ခရစ်တော်ကိုနာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ ခင်ပွန်းသည်ကိုနာခံကြရမည်။ |
တပည့်တော် ခုနစ်ဆယ့်နှစ်ဦးတို့သည် ဝမ်းမြောက်စွာ ပြန်လာ၍ “သခင်… ကိုယ်တော်၏အမည်နာမကြောင့် နတ်ဆိုးတို့သည် အကျွန်ုပ်တို့ကို နာခံကြပါ၏” ဟု ပြန်၍ လျှောက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်း ဖြစ်သကဲ့သို့ ခင်ပွန်းသည် ဇနီး၏ ဦးခေါင်း ဖြစ်သောကြောင့်ပင်။ ဦးခေါင်း ဖြစ်သည့် ခရစ်တော်သည် အသင်းတော် ဟူသော မိမိ၏ကိုယ်ခန္ဓာကို ကယ်တင်သောအရှင် ဖြစ်တော်မူ၏။
ခင်ပွန်းသည်တို့… ခရစ်တော်သည် အသင်းတော်ကို ချစ်သောကြောင့် အသင်းတော်အတွက် အသက်ပေးတော်မူသကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။
မည်သို့ပင်ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီတိုင်းသည်လည်း မိမိကိုယ်မိမိ ချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့ကလည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
သားသမီးတို့… သခင်ဘုရားနှစ်သက်တော်မူသည်နှင့်အညီ အရာရာ၌ မိဘစကားကို နားထောင်ကြလော့။
ကျွန်ဖြစ်သူတို့… အရာရာ၌ သင်တို့၏ လောကီသခင်ကို နာခံကြလော့။ မျက်နှာသာရရန်အတွက် သူ့ရှေ့၌သာ နာခံသည်မဟုတ်ဘဲ သခင်ဘုရားကို ကြောက်ရွံ့ရိုသေလျက် ရိုးသားသောစိတ်ဖြင့် နာခံကြလော့။
အရာရာ၌ ကောင်းမှုကို ပြု၍ သင်ကိုယ်တိုင်စံနမူနာဖြစ်စေလော့။ သွန်သင်ရာတွင် ရိုးသားပွင့်လင်းခြင်း၊ တည်ကြည်ခြင်း၊
မိမိသခင်တို့ကို အရာရာ၌ နာခံ၍ စိတ်ကျေနပ်အောင် ဆောင်ရွက်ရန် ကျွန်တို့အား သွန်သင်လော့။ ခွန်းတုံ့မခံပြောခြင်း၊