အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဧ​ဖက် 1:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျွန်ုပ်​သည် သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်မပြတ် ကျေးဇူးတင်​၍ သတိတရ ဆုတောင်းပေးနေ၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ ကို မ ပြတ် သ တိ ရ လျက်၊ သင် တို့ အ တွက် ကျေး ဇူး တော် ကို ချီး မွမ်း ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​ကို​အ​ကြောင်း​ပြု၍ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​အတွက် အစဉ်မပြတ်​ကျေးဇူး​တော်​ချီးမွမ်း​လျက် ငါ​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ

အခန်းကိုကြည့်ပါ။



ဧ​ဖက် 1:16
11 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဆုတောင်း​တိုင်း ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ခမည်းတော်​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။


ထို့ကြောင့် သင်တို့​အကြောင်း​ကို ကြားသည့်​နေ့​မှစ၍ ကျွန်ုပ်တို့​သည် သင်တို့​အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့​သည် ဝိညာဉ်ရေးရာ​အသိပညာ​နှင့် နားလည်နိုင်စွမ်း​အပေါင်းတို့​ဖြင့် ဘုရားသခင်​၏ အလိုတော်​ကို အပြည့်အဝ​သိနိုင်​ရန် ဘုရားသခင်​ထံ ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။


ကျွန်ုပ်တို့​သည် သင်တို့​အတွက် အဖ​ဘုရားသခင်​ထံ ဆုတောင်းရာ​တွင် သင်တို့​သည် ယုံကြည်သည့်​အတိုင်း လုပ်ဆောင်ကြသည်​ကိုလည်းကောင်း၊ မေတ္တာ​ကြောင့် ကြိုးစား​အားထုတ်ကြသည်​ကိုလည်းကောင်း၊ သခင်​ယေရှု​ခရစ်တော်​ကို မျှော်လင့်​သောကြောင့် သည်းခံနိုင်ကြသည်​ကိုလည်းကောင်း ကျွန်ုပ်တို့​သတိရ​၍ သင်တို့​အားလုံး​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​လျက် အစဉ်မပြတ် ဆုတောင်းပေးကြ၏။


အစဉ်မပြတ် ဆုတောင်းကြလော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။