ကျမ်းစာ၏ အခြားတစ်နေရာတွင်လည်း ဘုရားသခင်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
ဟေဗြဲ 7:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အာဗြဟံထံမှ ဆယ်ပုံတစ်ပုံကို မေလခိဇေဒက် ခံယူသောအချိန်၌ လေဝိသည် မမွေးဖွားသေးသော်လည်း သူ၏ မျိုးစေ့သည် အာဗြဟံ၏ ကိုယ်၌ ရှိနေသောကြောင့်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်အာဗြဟံသည် မေလခိ ဇေဒက်နှင့်တွေ့ဆုံစဉ်အခါကလေဝိသည် မမွေး ဖွားသေးဘဲ အာဗြဟံ၏ကိုယ်၌ရှိနေသည်ဟု ဆိုနိုင်သောကြောင့်ဖြစ်သည်။ Judson Bible အကြောင်းမူကား၊ မေလခိဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ၊ လေဝိသည် မိမိအဘ၏ကိုယ်၌ ရှိသတည်း။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုသောအခါ လေဝိသည် မိမိအဖ၏ကိုယ်ထဲ၌ရှိနေသေး၏။ |
ကျမ်းစာ၏ အခြားတစ်နေရာတွင်လည်း ဘုရားသခင်က “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။
လေဝိအနွယ်မှ ယဇ်ပုရောဟိတ်များသည် အာဗြဟံ၏ သားမြေးများပင်ဖြစ်သော်လည်း ပညတ်တရား၏ စည်းမျဉ်းအရ ဆယ်ဖို့တစ်ဖို့ကို မိမိတို့လူမျိုးထံမှ ကောက်ယူခွင့်ရှိကြ၏။
ဆယ်ပုံတစ်ပုံကို ခံယူသော လေဝိသည်ပင် အာဗြဟံမှတစ်ဆင့် မေလခိဇေဒက်အား ဆယ်ပုံတစ်ပုံကို ပေးလှူသည်ဟု ဆိုနိုင်၏။