ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ဟေဗြဲ 10:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ အကျွန်ုပ်လျှောက်ထားသည်မှာ ‘အို ဘုရားသခင်… ကျမ်းစာလိပ်တွင် အကျွန်ုပ်အကြောင်းကို ရေးသားထားသည့်အတိုင်း ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် အကျွန်ုပ် ရောက်လာပါ၏’ ဟူ၍ ဖြစ်သည်” ဟု လျှောက်ထားတော်မူ၏။ Common Language Bible သို့ဖြစ်၍ပညတ်ကျမ်းတွင်အကျွန်ုပ်အကြောင်းကို ရေးသားဖော်ပြထားသည်နှင့်အညီ၊ `အို ဘုရားသခင်၊အကျွန်ုပ်သည်အလိုတော်ကို ဆောင်ရွက်ရန်ရောက်လာပါပြီ' ဟုအကျွန်ုပ်ဝန်ခံ ပါ၏'' ဟုလျှောက်ထားတော်မူလေသည်။- Garrad Bible ထို အ ခါ အို ဘု ရား သ ခင်၊ ကျမ်း ဂန် ၌ အ ကျွန်ုပ် နှင့် စပ်၍ ရေး ထား သည့် အ တိုင်း အ ကျွန်ုပ် သည် အ လို တော် ကို ဆောင် ရွက် ရန် ရောက် လာ ပါ ပြီ ဟု အ ကျွန်ုပ် ဝန် ခံ ကြောင်း ဗျာ ဒိတ် တော် ရှိ ၏။ Judson Bible အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှာ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အကျွန်ုပ်က ‘ကျမ်းစာအုပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏ဘုရား’ဟု လျှောက်လေ၏”ဟူ၍ မိန့်တော်မူ၏။ |
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဆန္ဒအလျောက် မပြုနိုင်။ ခမည်းတော်မိန့်တော်မူသည့်အတိုင်း ငါတရားစီရင်၏။ ငါ့တရားစီရင်ခြင်းသည် တရားမျှတ၏။ ငါသည် မိမိအလိုအတိုင်း မဆောင်ရွက်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်အတိုင်းဆောင်ရွက်သောကြောင့် ငါ့တရားစီရင်ခြင်းသည် မှန်ကန်၏။
အဘယ်ကြောင့်ဆိုသော် ငါသည် မိမိအလိုကို လုပ်ဆောင်ရန် မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသော ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် ဆင်းသက်လာသောကြောင့် ဖြစ်၏။