အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဟေ​ဗြဲ 10:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ရာတွင် ထို​ယဇ်ပူဇော်ခြင်း​သည် လူတို့​အပြစ်​ကို နှစ်စဉ်​အမှတ်ရ​စေ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ယ​ခု​မှာ​နွား​သွေး၊ ဆိတ်​သွေး​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဒု​စ​ရိုက်​များ​ကို​ဖယ်​ရှား ၍​မ​ပေး​နိုင်​သ​ဖြင့် ယင်း​သို့​ယဇ်​ပူ​ဇော်​ခြင်း သည်​လူ​တို့​အား​နှစ်​စဉ်​နှစ်​တိုင်း မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​သာ​လျှင်​သ​တိ​ရ​စေ​သည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ယ ခု မူ ကား နွား သွေး၊ ဆိတ် သွေး သည် အ ပြစ် ကို မ ပယ် ရှား နိုင် သ ဖြင့် ထို ပူ ဇော် သ က္ကာ များ၌ တစ် နှစ် နောက် တစ် နှစ် အ ပြစ် ကို သ တိ ရ ခြင်း အ ကြောင်း ရှိ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် ထိုသို့​ယဇ်​ပူဇော်​ခြင်း​အားဖြင့် အပြစ်​များ​ကို​နှစ်စဉ် ပြန်လည်​အောက်မေ့​ကြ​၏။

အခန်းကိုကြည့်ပါ။



ဟေ​ဗြဲ 10:3
11 ပူးပေါင်းရင်းမြစ်များ  

ဤ​စပျစ်ရည်​သည် လူများစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန်​အတွက် သွန်းလောင်းသော ငါ​၏​သွေး​ကို ပုံဆောင်၏။ ငါ​၏​သွေး​သည် ဘုရားသခင်​နှင့် လူများ​အကြား​ဖွဲ့သော ပဋိညာဉ်​သစ်​ကို သက်သေပြု၏။


ထိုအခါ တပည့်တော်တို့​သည် “ဘုရားသခင်​၏ အိမ်တော်​ကို စွဲလမ်းစိတ်​ပြင်းပြခြင်း​သည် အကျွန်ုပ်​ကို လောင်ကျွမ်းစေပါ​လိမ့်မည်” ဟူသော ကျမ်းစကား​ကို သတိရကြ၏။


ဒုတိယ​အခန်း​ထဲသို့​မူ ယဇ်ပုရောဟိတ်မင်းကြီး တစ်ပါးတည်း​ကသာ တစ်နှစ်​လျှင် တစ်ကြိမ်တည်း​ဝင်ရ၏။ ထိုသို့​ဝင်​သောအခါ မိမိ​၏​အပြစ်များ​နှင့် လူတို့​၏ မသိ​နားမလည်ဘဲ​ကျူးလွန်မိသော​အပြစ်များ​အတွက် သွေး​ကို ယူဆောင်​၍ ပူဇော်​ရ၏။