တစ်ဦးကို တစ်ဦး ညီအစ်ကိုမောင်နှမမေတ္တာဖြင့် ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ဦးစားပေး၍ ချီးမြှောက်ကြလော့။
လုကာ 9:46 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်တို့သည် မိမိတို့အနက် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု အချင်းချင်းငြင်းခုံကြ၏။ Common Language Bible တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးနည်းဟုအချင်းချင်း အခြေအတင်ပြောဆိုနေကြ၏။- Garrad Bible တ ပည့် တော် တို့ သည် မည် သူ အ ကြီး မြတ် ဆုံး ဖြစ် သည် ကို ဆွေး နွေး ကြ ရာ၊ Judson Bible ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု အချင်းချင်းငြင်းခုံကြ၏။ မြန်မာ ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်းဟု တပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။- |
တစ်ဦးကို တစ်ဦး ညီအစ်ကိုမောင်နှမမေတ္တာဖြင့် ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ဦးစားပေး၍ ချီးမြှောက်ကြလော့။
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
တစ်ကိုယ်ကောင်းဆန်သောစိတ်၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသောစိတ်ဖြင့် မည်သည့်အမှုကိုမျှ မပြုကြနှင့်။ တစ်ပါးသူတို့သည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်ဖြင့် မှတ်ယူကြလော့။
ဤအကြောင်းအရာကို ကျွန်ုပ်သည် အသင်းတော်ထံသို့ စာရေးခဲ့သော်လည်း ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ကျွန်ုပ်တို့ကို လက်မခံခဲ့ပေ။