ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းပြီး အဝတ်တော်တို့သည် အလင်းကဲ့သို့ ဖြူလာ၏။
လုကာ 9:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ယေရှုသည် ဆုတောင်းတော်မူစဉ် မျက်နှာတော်၏အသွင်အပြင်သည် ပြောင်းလဲ၍ အဝတ်တော်သည်လည်း ဖြူဖွေးတောက်ပလာ၏။ Common Language Bible ဆုတောင်းပတ္ထနာပြုလျက်နေတော်မူစဉ်မျက်နှာ တော်၏အဆင်းအရောင်သည်ထူးခြားလာလျက်၊ အဝတ်တော်သည်ဖြူဖွေးတောက်ပလာ၏။- Garrad Bible ပ ဌ နာ ပြု ရန် တောင် ပေါ် သို့ တက် ကြွ ပြီး လျှင် ပ ဌ နာ ပြု စဉ် မျက် နှာ တော် အ ဆင်း ပြောင်း လျက် အ ဝတ် တော် ဖြူ ဆွတ် တောက် ပ လျက် ရှိ တော် မူ ရာ၊ Judson Bible ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ဆုတောင်းလျက်နေတော်မူစဉ် မျက်နှာတော်၏အဆင်းသဏ္ဌာန်သည် ထူးခြားလာ၍ အဝတ်တော်သည် ဖြူဖွေးတောက်ပလာ၏။ မြန်မာ ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက် ဖြူ၏။- |
ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းပြီး အဝတ်တော်တို့သည် အလင်းကဲ့သို့ ဖြူလာ၏။
ထို့နောက် တပည့်တော်နှစ်ဦးသည် တောရွာသို့ လမ်းလျှောက်၍ သွားနေကြစဉ် ယေရှုသည် ခြားနားသောအသွင်ဖြင့် သူတို့ကို ကိုယ်ထင်ပြတော်မူ၏။
တစ်နေ့၌ လူအပေါင်းတို့သည် နှစ်ခြင်းမင်္ဂလာခံယူပြီးနောက် ယေရှုသည်လည်း နှစ်ခြင်းမင်္ဂလာကိုခံယူတော်မူ၏။ ထို့နောက် ဆုတောင်းတော်မူစဉ် ကောင်းကင်ပွင့်၍
ထိုနေ့ရက်များ၌ ကိုယ်တော်သည်ဆုတောင်းရန် တောင်ပေါ်သို့တက်ကြွတော်မူ၍ တစ်ညလုံးဘုရားသခင်ထံ ဆုတောင်းတော်မူ၏။
တစ်နေ့၌ ယေရှုသည် တစ်ကိုယ်တည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သာလျှင် အနီးတွင် ရှိကြ၏။ ထိုအခါ ကိုယ်တော်က သူတို့အား “လူတို့သည် ငါ့ကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူလျှင်
မောရှေနှင့်ဧလိယတို့သည် ဘုန်းရောင်ခြည်နှင့် ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့် စကားပြောနေကြ၏။ ထို့နောက် သူတို့သည် ဂျေရုဆလင်မြို့၌ ဖြစ်လာမည့် ယေရှု၏အသေခံတော်မူခြင်းအကြောင်းကို ပြောဆိုကြ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ထိုသို့ တရားလွှတ်တော်၌ ထိုင်သောသူရှိသမျှတို့သည် သတေဖန်ကို စိုက်ကြည့်လေသော် သူ၏မျက်နှာသည် ကောင်းကင်တမန်မျက်နှာကဲ့သို့ဖြစ်သည်ကို မြင်တွေ့ကြ၏။
ထိုအခါ ရာဇပလ္လင်ဖြူကြီးနှင့် ထိုပလ္လင်ပေါ်တွင် ထိုင်တော်မူသောအရှင်ကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့် ကောင်းကင်သည် ထိုအရှင်ရှေ့မှ ပျောက်ကွယ်သွား၍ ၎င်းတို့အတွက် နေရာမရှိတော့ပေ။