သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။
လုကာ 9:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ဟု ဆိုကြ၏။ သို့သော် တချို့က ဧလိယဖြစ်သည်ဟု ဆိုကြ၍ တချို့က သေရာမှ ပြန်ရှင်လာသော ရှေးပရောဖက်တစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။ Common Language Bible တပည့်တော်တို့က ``ဗတ္တိဇံဆရာယောဟန်ဟု အချို့ဆိုကြပါသည်။ အချို့ကဧလိယဟူ၍ လည်းကောင်း၊ အချို့ကမူပြန်လည်အသက်ရှင်လာ သောရှေးပရောဖက်တစ်ပါးဟူ၍လည်းကောင်း ပြောဆိုကြပါသည်'' ဟုလျှောက်ထားကြ၏။ Garrad Bible အ ချို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ဖြစ် ကြောင်း၊ အ ချို့ က ဧ လိ ယ ဖြစ် ကြောင်း၊ အ ချို့ က ပ ရော ဖက် ဟောင်း တစ် ပါး ပါး ရှင် ပြန် ထ မြောက် ကြောင်း ဆို ကြ ပါ သည် ဟု တ ပည့် တော် တို့ ပြန် လျှောက် ကြ ရာ၊ Judson Bible လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း သူတို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ရှေးပရောဖက်တစ်ပါးပါးထမြောက်လာသည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။ မြန်မာ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာ ယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ရှေးပရောဖက် တစ်ပါးပါးထပြန်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- |
သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
သို့သော် တချို့က “သူသည် ပရောဖက်ဧလိယဖြစ်သည်” ဟု ဆိုကြ၏။ တချို့က “သူသည် ရှေးပရောဖက်ကဲ့သို့သော ပရောဖက်တစ်ပါးဖြစ်သည်” ဟု ဆိုကြ၏။
တစ်နေ့၌ ယေရှုသည် တစ်ကိုယ်တည်းဆုတောင်းလျက်နေတော်မူစဉ် တပည့်တော်တို့သာလျှင် အနီးတွင် ရှိကြ၏။ ထိုအခါ ကိုယ်တော်က သူတို့အား “လူတို့သည် ငါ့ကို မည်သူဖြစ်သည်ဟူ၍ ဆိုကြသနည်း” ဟု မေးတော်မူလျှင်
ထိုအခါ ယေရှုက “သင်တို့သည်လည်း ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင် ပေတရုက “ကိုယ်တော်သည် ဘုရားသခင်၏ခရစ်တော် ဖြစ်တော်မူ၏” ဟု လျှောက်လေ၏။
ထိုသူတို့က “သို့ဖြစ်လျှင် သင်သည် မည်သူနည်း။ ဧလိယလော” ဟု မေးကြ၏။ ယောဟန်က “မဟုတ်ပါ” ဟု ဖြေ၏။ သူတို့က “သင်သည် ငါတို့စောင့်မျှော်နေသောပရောဖက်လော” ဟု မေးကြပြန်လျှင် ယောဟန်က “မဟုတ်ပါ” ဟု ဖြေပြန်၏။
“သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့် နှစ်ခြင်းမင်္ဂလာပေးသနည်း” ဟု မေးကြပြန်၏။
ဤစကားတော်များကို ကြားသော် လူထုထဲမှတချို့က “ဤသူသည် အမှန်ပင် ကျွန်ုပ်တို့စောင့်မျှော်နေသော ပရောဖက်ဖြစ်သည်” ဟု ပြောဆိုကြ၏။
ဖာရိရှဲတို့က ထိုမျက်မမြင်ဖြစ်ခဲ့ဖူးသူအား “သင့်ကို မျက်စိမြင်အောင် သူသည် ပြုခဲ့သည်ဖြစ်၍ သင်ပြောလော့။ သူသည် မည်သို့သောသူ ဖြစ်မည်နည်း” ဟု ထပ်မံ၍ မေးကြ၏။ ထိုသူကလည်း “သူသည် ပရောဖက်တစ်ပါး ဖြစ်သည်” ဟု ဖြေလေ၏။