လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
လုကာ 8:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသောသူကို ဆိုလို၏။ သို့သော်လည်း ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းသို့ မရောက်စေရန် မာရ်နတ်သည် လာ၍ သူ၏စိတ်နှလုံးထဲမှ ထိုတရားစကားကို နုတ်ယူလေ၏။ Common Language Bible လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နှုတ်ကပတ် တရားတော်ကိုကြားသူများကိုဆိုလို၏။ သို့ ရာတွင်မာရ်နတ်သည်ထိုသူတို့ယုံကြည်၍ ကယ် တင်ခြင်းခံရကြမည်စိုးသဖြင့်လာ၍ သူတို့၏ စိတ်နှလုံးထဲမှနှုတ်ကပတ်တရားတော်ကို နုတ်ယူသွား၏။- Garrad Bible လမ်း ပေါ် တွင် ကျ သူ တို့ မှာ ကြား နာ ပြီး နောက် ယုံ ကြည်၍ ကယ် တင် ခြင်း သို့ မ ရောက် စေ ရန် စိတ် နှ လုံး ထဲ က တ ရား တော် ကို မာရ် နတ် လာ၍ နုတ် ယူ တတ်၏။ Judson Bible လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှာ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှ နုတ်ယူသောသူကို ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း လမ်းဘေးတွင်ကျသည်ဆိုသည်မှာ ဤသို့သောသူတို့ကိုဆိုလို၏။ တရားစကားကိုသူတို့ကြားသော်လည်း ယုံကြည်၍ကယ်တင်ခြင်းမခံရစေရန် မာရ်နတ်သည်လာ၍ တရားစကားကို သူတို့စိတ်နှလုံးထဲမှနုတ်ယူလေ၏။ မြန်မာ လမ်း၌ရှိသောသူကား၊ တရားစကားကို ကြားသည်ရှိသော်၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှာ၊ မာရ်နတ်သည် လာ၍ တရားစကားကို နှလုံးထဲမှ နုတ်ယူသောသူကို ဆိုလိုသတည်း။- |
လမ်းပေါ်တွင် ကျသောမျိုးစေ့မှာ နိုင်ငံတော်နှင့်ဆိုင်သော တရားစကားကို ကြားသော်လည်း နားမလည်သောသူကို ဆိုလို၏။ ထိုအခါ မာရ်နတ်သည်လာ၍ ထိုသူ၏စိတ်နှလုံးတွင် ကြဲထားသောမျိုးစေ့ကို နုတ်ယူလေ၏။
မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင်ကျသဖြင့် ငှက်တို့သည် လာ၍ ကောက်စားကြ၏။
လူတချို့သည် လမ်းပေါ်တွင် ကျသောမျိုးစေ့နှင့် တူ၏။ တရားစကားကို သူတို့ကြားသည်နှင့် စာတန်သည် ချက်ချင်းလာ၍ သူတို့၏စိတ်နှလုံး၌ ကြဲထားသော ထိုတရားစကားကို နုတ်ယူသွား၏။
ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာ ခံယူသော်လည်း စိတ်နှလုံးတွင် အမြစ်မစွဲဘဲ ခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာသောအခါ ဖောက်ပြန်တတ်သောသူကို ဆိုလို၏။
“လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။ မျိုးစေ့ကြဲရာတွင် အချို့အစေ့တို့မှာ လမ်းပေါ်တွင် ကျသဖြင့် ထိုမျိုးစေ့တို့ကို လူများကျော်နင်း၍ ငှက်များကောက်စားကြ၏။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။