တပ်မှူး စေလွှတ်သောမိတ်ဆွေများသည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအစေခံသည် ကျန်းမာလျက်ရှိကြောင်းကို တွေ့မြင်ကြ၏။
လုကာ 7:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် နာဣနမြို့သို့ ကြွတော်မူ၍ တပည့်တော်များနှင့် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။ Common Language Bible ထိုနောက်ကိုယ်တော်သည်နာဣနမြို့သို့ကြွတော် မူသောအခါ တပည့်တော်တို့နှင့်လူပရိသတ် ကြီးသည်လိုက်ပါလာကြ၏။- Garrad Bible ထို နောက် မ ကြာ မီ တ ပည့် တော် တို့ နှင့် လူ ပ ရိ သတ် ကြီး လိုက် လျက် နာ ဣ န ခေါ် မြို့ သို့ ကြွ၍၊ Judson Bible နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် ကိုယ်တော်သည် နာဣနဟုခေါ်သောမြို့သို့ ကြွတော်မူရာ တပည့်တော်တို့မှစ၍ များစွာသောလူထုပရိသတ်သည် ကိုယ်တော်နှင့်အတူလိုက်ပါလာကြ၏။ မြန်မာ နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။- |
တပ်မှူး စေလွှတ်သောမိတ်ဆွေများသည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအစေခံသည် ကျန်းမာလျက်ရှိကြောင်းကို တွေ့မြင်ကြ၏။
ယေရှုသည် မြို့အဝင်တံခါးအနီးသို့ ရောက်သောအခါ လူတို့သည် လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် မြို့ပြင်သို့ ထုတ်ဆောင်လာကြ၏။ ထိုလူသေသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသော သားဖြစ်၏။ မြို့သူမြို့သားတို့သည်လည်း ထိုမုဆိုးမနှင့်အတူ လိုက်ပို့ကြ၏။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။