လုကာ 6:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ပြန်ဆပ်ပေးနိုင်မည်ဟု မျှော်လင့်စရာရှိသောသူတို့ကိုသာ ချေးငှားလျှင် မည်သည့်ဂုဏ်ယူစရာရှိမည်နည်း။ အပြစ်သားတို့ပင်လျှင် ပြန်ဆပ်ပေးမည်ဟု မျှော်လင့်၍ အချင်းချင်းထိုသို့ချေးငှားကြ၏။ Common Language Bible ထိုမှတစ်ပါးပြန်လည်ဆပ်ပေးမည်ဟုယုံကြည် သူကိုသာလျှင်သင်တို့ချေးငှားကြပါမူ အဘယ် သို့လျှင်ကောင်းချီးမင်္ဂလာကိုခံစားနိုင်ကြပါ မည်နည်း။ အပြစ်ကူးသူများပင်ပြန်လည်ဆပ် ပေးမည်ဟုမျှော်လင့်လျက်အချင်းချင်းအား ချေးငှားကြ၏။- Garrad Bible ပြန် ရ မည် မျှော် လင့်၍ ချေး ငှါး လျှင် မည် သည့် အ ကျိုး နည်း။ အ ပြစ် သား တို့ ပင် အ ဆပ် ခံ ရ အံ့ သော ငှါ အ ချင်း ချင်း ချေး ငှါး တတ် ကြ၏။ Judson Bible သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ပြန်လည်ရရှိမည်ဟုမျှော်လင့်လျက် သူတစ်ပါးအားသင်တို့ချေးငှားလျှင် သင်တို့၌ မည်သည့်ဂုဏ်ယူစရာရှိသနည်း။ အပြစ်သားတို့ပင်လျှင် မူလပမာဏအတိုင်းပြန်လည်ရရှိရန် သူတို့အချင်းချင်းချေးငှားကြ၏။ မြန်မာ သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည် မဟုတ်လော။- |
သင်တို့အား ကောင်းကျိုးပြုသောသူတို့ကိုသာ ပြန်၍ အကျိုးပြုလျှင် မည်သည့်ဂုဏ်ယူစရာ ရှိသနည်း။ အဘယ်ကြောင့်ဆိုသော် အပြစ်သားတို့ပင်လျှင် ထိုသို့ပြုကြ၏။
သို့သော် သင်တို့သည် ရန်သူများကို ချစ်လော့။ သူတို့အားကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာကို ပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံမှ ရရှိမည့် သင်တို့၏ဆုလာဘ်သည် ကြီးမား၍ သင်တို့သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျေးဇူးကန်းသောသူများနှင့် ဆိုးသွမ်းသောသူများကို သနားကြင်နာတော်မူသောကြောင့်ဖြစ်၏။