သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
လုကာ 5:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တရားဟောပြီးသောအခါ ရှိမုန်အား “ရေနက်သည့် နေရာသို့ ရွှေ့လော့။ သင်တို့၏ပိုက်ကွန်များကို ချ၍ ငါးဖမ်းကြလော့” ဟု မိန့်တော်မူ၏။ Common Language Bible ထိုသို့ဟောပြောသွန်သင်ပြီးသောအခါ ``ရေ နက်ရာသို့ခွာထွက်လော့။ ငါးများဖမ်းမိစေ ရန်သင်နှင့်သင်တို့အဖော်တို့၏ကွန်များ ကိုချလော့'' ဟုရှိမုန်အားမိန့်တော်မူ၏။ Garrad Bible ဒေ သ နာ တော် အ ဆုံး၌ ရှိ မုန် အား ရေ နက် ရာ သို့ လှော်၍ ဆွဲ ဖမ်း ရန် ပိုက် ချ လော့ ဟု မိန့် တော် မူ သည့် ကာ လ၊ Judson Bible စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဟောပြောသွန်သင်ပြီးသောအခါ ကိုယ်တော်သည် ရှိမုန်အား“ရေနက်ရာသို့ရွှေ့လော့။ သင်တို့၏ပိုက်ကွန်များကိုချ၍ ငါးဖမ်းကြလော့”ဟု မိန့်တော်မူ၏။ မြန်မာ စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ဟု ရှိမုန်အားမိန့်တော်မူ၏။- |
သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
ရှိမုန်ကလည်း “ဆရာ… ကျွန်ုပ်တို့သည် တစ်ညတာလုံး ကြိုးစားဖမ်းကြသော်လည်း ငါးတစ်ကောင်ကိုမျှ မမိပါ။ သို့သော်လည်း ဆရာခိုင်းသောကြောင့် ကျွန်ုပ် ပိုက်ကွန်များကို ချပါမည်” ဟု လျှောက်လေ၏။
ယေရှုက “သင်တို့၏ ပိုက်ကွန်ကို လှေ၏ လက်ယာဘက်သို့ ပစ်ချလော့။ ငါးများစွာ မိလိမ့်မည်” ဟု မိန့်တော်မူ၏။ သူတို့သည် ယေရှုမိန့်တော်မူသည့်အတိုင်း ပိုက်ကွန်ကို ပစ်ကြရာ ငါးများစွာ ဖမ်းမိသောကြောင့် ပိုက်ကွန်ကိုပင် မဆွဲတင်နိုင်ကြချေ။