သို့သော် အာဗြဟံက ‘သူတို့အားသတိပေးရန် မောရှေနှင့် ပရောဖက်တို့၏ကျမ်းများရှိ၏။ ထိုကျမ်းများ၏သွန်သင်ချက်တို့ကို နာယူကြပါစေ’ ဟု ပြောလေ၏။
လုကာ 4:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရောဖက်ဟေရှာယ၏ကျမ်းစာလိပ်ကို ယေရှုအားပေးသဖြင့် ဖွင့်ရာတွင် ကျမ်းစာ၌ရေးထားသည်မှာ Common Language Bible တရားဇရပ်မှူးသည်ပရောဖက်ဟေရှာယကျမ်း ကိုကိုယ်တော်အားလှမ်း၍ပေး၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်၍၊ Garrad Bible ပေး ကမ်း ကြ သော ပ ရော ဖက် ဟေ ရှာ ယ ကျမ်း စာ ကို ဖွင့် တော် မူ ရာ၊ Judson Bible ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်ဟေရှာယ၏ကျမ်းကို ကိုယ်တော်အားပေးကြ၏။ ထိုကျမ်းစာလိပ်ကိုဖွင့်၍ တွေ့တော်မူသောကျမ်းပိုဒ်၌ ရေးထားသည့်အချက်မှာ မြန်မာ ဇရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့သောအချက်စကား ဟူမူကား၊- |
သို့သော် အာဗြဟံက ‘သူတို့အားသတိပေးရန် မောရှေနှင့် ပရောဖက်တို့၏ကျမ်းများရှိ၏။ ထိုကျမ်းများ၏သွန်သင်ချက်တို့ကို နာယူကြပါစေ’ ဟု ပြောလေ၏။
ဒါဝိဒ်မင်းကိုယ်တိုင် ဆာလံကျမ်းတွင် ရေးသားခဲ့သည်မှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏သခင်အား “ငါ၏ လက်ယာဘက်၌ ထိုင်လော့။ ငါသည် သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံဖြစ်စေလိမ့်မည်” ဟု မိန့်တော်မူ၏’ ဟူ၍ ဖြစ်၏။
ထို့နောက် ယေရှုသည် မိမိကြီးပြင်းခဲ့သည့် နာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့ရောက်လာသောအခါ ဓလေ့ထုံးစံရှိသည့်အတိုင်း ဂျူးဝတ်ပြုဆောင်သို့ သွား၍ ကျမ်းစာဖတ်ရန် ရပ်တော်မူ၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်
ထို့နောက် ယေရှုသည်ကျမ်းစာလိပ်ကို ပြန်လိပ်ပြီးမှ အစောင့်တာဝန်ခံအား ပြန်ပေးပြီးလျှင် ထိုင်တော်မူ၏။ ဝတ်ပြုဆောင်၌ရှိသော လူအပေါင်းတို့သည် ယေရှုကိုစိုက်ကြည့်နေကြ၏။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။
ထိုအခါ ဘုရားသခင်သည် သူတို့ကို မျက်ကွယ်ပြု၍ ကောင်းကင်နက္ခတ်များကို ကိုးကွယ်ကြစေရန် စွန့်ပစ်ထားတော်မူ၏။ ပရောဖက်ကျမ်းများတွင် ရေးသားဖော်ပြထားသည်မှာ ‘အို အစ္စရေးလူမျိုးတို့… သင်တို့သည် တောကန္တာရတွင် အနှစ်လေးဆယ်ပတ်လုံး တိရစ္ဆာန်နှင့် ယဇ်ကောင်များကို ငါ့အတွက် ပူဇော်ခဲ့ကြသလော။