ယောဟန်သည် အခြားသောနှိုးဆော်ချက်များဖြင့် သတင်းကောင်းကို လူတို့အား ဟောပြောလေ၏။
ယောဟန်သည်အခြားနှိုးဆော်ချက်များဖြင့် လူတို့အားသတင်းကောင်းကိုဟောပြောကြေ ညာ၏။-
အ ခြား သော နှိုး ဆော် ချက် များ နှင့် တ ကွ လူ ပ ရိ သတ် အား၊ သ တင်း တော် မြတ် ကို ဟော ပြော လေ၏။
အခြားသောစကားများနှင့် ဆုံးမသွေးဆောင်၍ ဧဝံဂေလိတရားကို လူများတို့အား ဟောပြောလေ၏။
ထိုသို့ ယောဟန်သည် အခြားသောအကြောင်းအရာအမျိုးမျိုးတို့ဖြင့် တိုက်တွန်းနှိုးဆော်ကာ လူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကိုကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု လူအပေါင်းတို့အား ပြန်ပြော၏။
ထို့နောက် နယ်စားဟေရုဒ်သည် ညီဖြစ်သူ၏ဇနီး ဟေရောဒိကို သိမ်းယူသောကြောင့်လည်းကောင်း၊ အခြားမကောင်းမှုအပြစ်အမျိုးမျိုးကို ကျူးလွန်သောကြောင့်လည်းကောင်း ယောဟန်သည် ဟေရုဒ်၏အပြစ်ကို ဖော်ပြဆုံးမလေ၏။
ယောဟန်သည် ထိုအရှင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်ခဲ့သည်မှာ “ ‘ငါ့နောက်တွင် ကြွလာမည့်အရှင်သည် ငါမမွေးမီကပင် ရှိနှင့်သောကြောင့် ငါ့ထက် ပို၍ကြီးမြတ်သည်’ ဟု ငါပြောခဲ့ဖူးသည့်အရှင်သည် ထိုအရှင်ပင် ဖြစ်သည်” ဟူ၍ဖြစ်၏။
နောက်တစ်နေ့တွင် မိမိထံသို့ ယေရှုကြွလာသည်ကို မြင်သောအခါ ယောဟန်က “ဤကမ္ဘာလောက၏ အပြစ်ကို ချေဖျက်သော ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့။
မိန့်တော်မူသည့်အတိုင်း ဖြစ်ပျက်သည်ကို ငါမြင်သောကြောင့် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ငါသက်သေခံသည်” ဟု ဆိုလေ၏။
ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။
ထိုဒေသများတစ်လျှောက် လှည့်ပတ်သွားလာကာ ယုံကြည်သူတို့အား အားပေးစကားများပြောကြားပြီးနောက် အခါယပြည်သို့သွား၏။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။